Part (34)

4K 493 9
                                    

Unicode

မကြာသေးခင်က မင်းကြီးအမိန့်နှင့် ဇာမဏီဂိုဏ်းသားလို့ သံသယရှိသူတွေကို ခေါင်းဖြတ်သတ်ကာ စျေးထဲမှာ ချိတ်ထားသည်။ ထိုအသတ်ခံရသူတွေထဲမှာ ဂိုဏ်းသားအစစ်တွေအပြင် အပြစ်မဲ့ ပြည်သူတွေပါ ပါတာမို့ ဘယ်တော့ စွပ်စွဲခံရပြီး အသတ်ခံရမလဲနှင့် ပြည်သူတွေခမျာ ကျီးလန့်စာစားနေရသည်။

"ဆရာ ဆယ်ယောက်မှာ သုံးယောက်က ဂိုဏ်းသားမဟုတ်ဘူး"

"ဝေ့လျိုယန်က အဲ့တာတွေစဥ်းစားနေမှာ မဟုတ်ဘူး။ အခုဆို သူ့လုပ်ရပ်တွေကို ပြည်သူတွေတဖြည်းဖြည်းသိလာပြီး ရွံမုန်းလာကြပြီ"

"ဒါနဲ့ ကျွန်တော့်ကို တာဝန်မပေးသေးဘူးလားဆရာ"

"အေး မင်းခဏတော့ ငြိမ်နေလိုက်ဦး....မင်းလှုပ်ရှားစရာမလိုသေးဘူး"

"ဟုတ်ကဲ့ပါ ဆရာ"
________________________
နှစ်ပတ်လောက်ကြာပြီးနောက် ရှောင်းကျန့် အဆောင်ထဲက ခိုးထွက်ဖို့ လမ်းတွေ့သွားသည်။ ကျန်းချန်က တိတ်တဆိတ်လူခေါ်ကာ ရှောင်းကျန့်အဆောင်ဆီကို လိုဏ်ခေါင်းဖောက်ခိုင်းထားခြင်းပင်။

ရှောင်းကျန့် ပြတင်းပေါက်က ထောက်ကနဲ အသံကြားသည်နှင့် ပြတင်းပေါက်ကို အသာဖွင့်ကြည့်တော့ စာတစ်စောင်ထားထားသည်ကိုတွေ့လိုက်ရသည်။

"အရှင့်သား မှာထားသလို အဆင်သင့်ဖြစ်ပါပြီ။ ဒီည ထွက်ခွာလို့ရပါမယ်"

ရှောင်းကျန့်က ပြုံးလိုက်ကာ ဘယ်သူမှမမြင်ခင် ပြတင်းပေါက်ပြန်ပိတ်လိုက်သည်။

"အရှင့်သား"

ညသန်းခေါင်ရောက်တော့ ကုတင်အောက်က လျှို့ဝှက်တံခါးပွင့်သွားပြီး ကျန်းချန်ထွက်လာသည်။ ရှောင်းကျန့်လဲ သာမန်ပြည်သူလို အဝတ်အစားလှဲလှယ်လိုက်ကာ လိုဏ်ခေါင်းအတိုင်းဆင်းသွားလိုက်သည်။

"ကျန်းချန်....သူတို့ကို ခေါ်ပြီးပြီလား"

"ခေါ်ထားပါတယ် အရှင့်သား"

"အင်း မြန်မြန်သွားရအောင်"

သူတို့ ချောချောမွေ့မွေ့ပဲ နန်းတော်အပြင်ထွက်နိုင်ခဲ့ကြသည်။ မြို့ပြင်က အိမ်တစ်အိမ်ရှေ့ရောက်တော့ ရှောင်းကျန့်ကို ကျန်းချန်ခေါင်းညိမ့်ပြလိုက်သည်။ ရှောင်းကျန့်အိမ်ထဲဝင်သွားတော့

Innocent Felon (Completed)Where stories live. Discover now