Part (44)

4.2K 507 31
                                    

Unicode

"အဲ့တာဆို အရှင့်သားကို လုပ်ကြံတဲ့သူက နန်းတော်ထဲက ပဲပေါ့"

ရှောင်းကျန့် အဆောင်တော်ထဲက ဥယျာဥ်ငယ်ထဲမှာ ရိပေါ်၊ ကျန်းချန်နှင့် ယွီပင်းတို့ ဝိုင်းဖွဲ့ပြီး ဆွေးနွေးနေကြသည်။

"ငါတော့ အဲ့လိုပဲထင်တယ် ကျန်းချန်မင်းရော......"

"ငါလဲ မင်းလိုပဲစဥ်းစားမိတယ်"

"ဒါပေမဲ့ ငါတို့မှာ သက်သေမရှိဘူး"

"အေး...အဲ့တာငါတို့ဘာသာ စုံစမ်းမှရမယ်..."

"ဘယ်ကနေစကြမလဲ"

"ငါတွေးထားတာက.........."

"မင်းတို့ ဘာတွေပြောနေကြတာလဲ ငါ့ကိုတောင်မခေါ်ဘူး"

ရှောင်းကျန့်က အဆောင်ထဲက ထွက်လာပြီး သူတို့နားဝင်ထိုင်ကာ ပြောလိုက်သည်။ ထိုအခါမှ သုံးယောက်လုံးချောင်းဟန့်သူကဟန့်။ ဓားကိုင်သူကကိုင်နှင့် ဘာမှဆက်မပြောကြတော့။

"ဘာပြောနေကြတာလဲလို့....ငါ့ကိုလဲပြောလေ....."

"ဘာမှမဟုတ်ဘူး"

"မင်းတို့ တစ်ခုခုပြောနေကြတာသေချာပါတယ်....ပြောပါဆိုနေကွာ"

"............."

"ဟျောင့်တွေ ငါစိတ်တိုလာပြီနော်.....ငါကမင်းတို့ရဲ့အရှင်လေ ငါအမိန်ပေးတယ်....ငါ့ကိုပြောကြစမ်း"

ရှောင်းကျန့်က လေသံမာပြီးပြောတော့ ယွီပင်းနဲ့ ကျန်းချန်က ဒူးပဲထောက်ရတော့မလို ထပဲရပ်ရတော့မလို ဖြစ်နေကြသည်။ ရိပေါ်ကတော့ ခပ်တည်တည်နှင့်

"နောက်ကျပြောပြမယ်...အခုကပြောဖို့မလိုသေးလို့ပေါ့.....ဒီလောက်ဆိုရင် အလိုက်သိပြီး ဆက်မမေးနဲ့တော့လေ"

"အိ....အေးပါကွာ မင်းကလဲ မမေးတော့ပါဘူး"

ယွီပင်းတို့တောင် ဘယ်သူကအိမ်ရှေ့စံ၊ ဘယ်သူက ကိုယ်ရံတော်ဆိုတာ မခွဲတတ်တော့။ ဒီရှောင်းကျန့်ကလေ သူနဲ့ ကျန်းချန်ကိုဆို အမြဲနိုင်ပေမဲ့ ဟိုက တစ်ချက်လေသံမာလိုက်တာနဲ့ မျက်နှာက ဇီးရွက်လောက်လေးဖြစ်ဖြစ်သွားတတ်တယ်။

"အဆောင်ထဲ ပြန်ဝင်နေ ငါတို့လုပ်စရာရှိလို့။ ထွက်မလာနဲ့နော်"

Innocent Felon (Completed)Where stories live. Discover now