Part (70)

4.9K 540 52
                                    

Unicode

ဝေ့ရင်း မျက်လုံးကို မမြင်ရအောင် အဝတ်နှင့်စည်းထားကာ ပါးစပ်မှာလဲ အဝတ်စနှင့် ချည်ထားတာကြောင့် ဘာမှလဲ မမြင်ရ။ အသံလဲမထွက်နိုင်ဘဲ လူနှစ်ယောက်က ဆွဲ​ခေါ်သွားသည့် နောက်လိုက်လာရသည်။

"ရပ်စမ်း......"

မြင်းစီးထားသည့် စစ်တပ်တစ်စုက ဝေ့ရင်းတို့ကို ဝိုင်းထားဟန်တူသည်။ အသံတွေကြားနေရပေမဲ့ မျက်လုံးက အဝတ်ကြောင့် မမြင်ရ။

"အား....."

"အား........"

ဝေ့ရင်းဘေးက လူနှစ်ယောက်က ထိုလူတွေရဲ့ ဓားချက်ကြောင့် သေဆုံးသွားကြသည်။ ထို့နောက် လန်စစ်သားတစ်ယောက်က သူ့ပါးစပ်က အဝတ်ကို ဖြည်ပေးလိုက်တာကြောင့် ဝေ့ရင်းစကားပြောလို့ရသွားသည်။

"မင်းတို့ ဘယ်သူတွေလဲ....လန်ကျန့်လွှတ်လိုက်တာလား"

"အရှင်လန်ဝမ့်ကျီး လွှတ်လိုက်တာမှန်ပါတယ်"

"လန်ကျန့်က ငါ့ကို ကယ်ခိုင်းလိုက်တာလား"

"အရှင်လန်ဝမ့်ကျီးလွှတ်လိုက်တာ မှန်ပေမဲ့ ကြင်ယာတော်ကို ကယ်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကြင်ယာတော်ကို ရှင်းပစ်ဖို့ အမိန့်ပေးထားပါတယ်။ အမိန့်တော်ကြောင့်မို့ ကြင်ယာတော်ခွင့်လွှတ်ပေးပါ"

"ဟင်.....အား"
________________________
စစ်ပွဲနိုင်ပြီး ပြန်လာသည့် လန်ဘုရင် လန်ဝမ့်ကျီးကို ပြည်သူတွေက လမ်းတစ်လျှောက် ကောင်းချီးပေးကာ ကြိုဆိုနေကြသည်။ အောင်ပွဲရခဲ့ပေမဲ့ ရှင်ဘုရင်၏ မျက်နှာတော်ကား မရွှင်လန်းပေ။

နန်းတော်ပြန်ရောက်တာနှင့် လန်ကျန့် အရင်ဆုံးလုပ်သည့်အရာက ယွီပင်းအား ဝေ့ရင်းကို ရှာခိုင်းခြင်း။ ယွီပင်း ချက်ချင်းပဲ ကိုယ်ရံတော်တပ်သားအနဲငယ်ခေါ်ကာ ဝေ့ရင်း ရှာပုံတော်ဖွင့်ရသည်။

"တူတော် ကြင်ယာတော် ဝေ့ရင်းက ကိုယ့်သဘော ဆန္ဒနဲ့ကိုယ်ထွက်သွားခဲ့တာပဲ။ အကယ်၍ ချန်ဘုရင်ရဲ့ အတင်းအကြပ်ခေါ်ဆောင်သွားတာ ခံရမယ်ဆိုရင် ခုချိန်ဆို ပြန်လာ သင့်ပြီမလား....။ ပြန်မလာပုံထောက်ရင်တော့"

Innocent Felon (Completed)Onde histórias criam vida. Descubra agora