Part (38)

4.1K 545 44
                                    

Unicode

ရှောင်းကျန့် မင်းကြီးအမိန့်နှင့် မြောက်ပိုင်းကို စားနပ်ရိက္ခာဝေမျှဖို့ နန်းပြင်ထွက်လာရသည်။ နန်းတော်ထဲမှာ ရိပေါ်နှင့် မျက်နှာချင်းဆိုင်တွေ့တဲ့ အခါတိုင်း ရူးချင်ယောင်ဆောင်ကာ ထွက်ပြေးရတာတစ်မျိုး။ အကြောင်းအမျိုးမျိုးပြကာ ခွင့်ရက်ပေးရတာတစ်မျိုးနှင့် အတတ်နိုင်ဆုံးရိပေါ်ကို ရှောင်နေရသည်။ ပဝါပါးကို အချိန်တိုင်းတပ်ထားရတော့ တစ်ခါတလေ အမတ်တွေနှင့် လက်ဖက်ရည်သောက်ရသည့် အခါမျိုးဆို အခက်တွေ့ရသည်။ အနားမှာ အမြဲနေရသည့် ကိုယ်ရံတော်မို့ တစ်ချိန်ချိန်ကျ သိသွားမှာပဲဆိုပေမဲ့ တတ်နိုင်သမျှတော့ ဖုံးကွယ်ထားချင်သေးသည်။ အနဲဆုံးတော့ သူအနားမှာမရှိတဲ့အခါ ပြုံးရယ်နေတတ်တဲ့ ရိပေါ်ကို သူမသိအောင် လိုက်ချောင်းနိုင်သေးတယ်လေ။ အိမ်ရှေ့စံက ကိုယ့်ကိုယ်ရံတော်ကို လူမသိသူမသိလိုက်ချောင်းနေရတာ တစ်မျိုးတော့ ဖြစ်နေပေမဲ့ ရှောင်းကျန့် ဒီလိုအခြေအနေနဲ့ပဲ ကျေနပ်မိပါတယ်။

ဒီခရီးမှာ ကျန်းချန်မပါပေမဲ့ ယွီပင်းပါလို့တော်သေးသည်။ ကျန်းချန်က ကိုယ်ရံတော်ခေါင်းဆောင်မို့ နန်းတော်အတွင်း ထပ်တိုးလာသည့် ကိုယ်ရံတော်အသစ်တွေကို လေ့ကျင့်ပေးဖို့နေခဲ့ရသည်။

"ဒီနားမှာ ခဏနားကြမယ်"

တောလမ်းတစ်နေရာရောက်တော့ မြင်းတွေရော လူတွေပါ ခဏနားကြသည်။ မြင်းလှည်းအတွင်းက ရှောင်းကျန့် ထွက်အလာ အတန်ကြာထိုင်လာရသည့် ခြေထောက်က ကျင်ပြီး ဟန်ချက်ပျက်ကာ လဲမလိုဖြစ်သွားပေမဲ့ တစ်စုံတစ်ယောက်က ခါးကနေ ထိန်းကိုင်လိုက်တာကြောင့် ရှောင်းကျန့်ထိုလူကို ကျေးဇူးတင်ဖို့ မော့ကြည့်လိုက်သည်။

သူ့ခါးကနေ ထိန်းကိုင်ပေးထားသည့်သူက ရိပေါ်ဖြစ်နေတော့ ရှောင်းကျန့် အမြန်ရုန်းထွက်လိုက်ပြီး အနားက စမ်းချောင်းငယ်လေးကို ခပ်သုတ်သုတ်သွားလိုက်သည်။ ရိပေါ်လဲ ရင်းနှီးနေတဲ့ ကြာနံ့သင်းသင်းကြောင့် မှင်သက်နေမိသည်။

"အာ......ငါတော့ပေါ်တော့မှာပဲ.....ရှောင်းကျန့်စိတ်ထိန်းစမ်း.....မင်းဒီလိုကတုန်ကယင်ဖြစ်နေရင် ဟိုကသံသယဝင်သွားလိမ့်မယ်"

Innocent Felon (Completed)Where stories live. Discover now