Part (17)

4.5K 563 9
                                    

Unicode

"အဟမ်း......ရှောင်း....ရှောင်းကျန့်ဒီနေ့ အစ်ကိုရွှယ်ယမ် ပြန်အိပ်ဘူးတဲ့"

"ငါ...ငါသိတယ်"

"ဪ...အင်း"

ရွှယ်ယမ်က ဒီနေ့အခန်းပြန်မအိပ်။ သူတို့နှစ်ယောက်ထဲသာ ရှိနေသည်။ အရင်ကလဲ ရွှယ်ယမ်က မကြာခဏ အပြင်မှာ အိပ်​နေကျ။ သူတို့လဲ နှစ်ယောက်ထဲ ကျန်ခဲ့နေကြဆိုပေမဲ့ အခုက အရင်နဲ့မတူ သူတို့နှစ်ယောက် ချစ်သူဖြစ်ပြီးကာစဆိုတော့ ရင်တွေခုန်နေကြသည်။

"မင်း...အိပ်ချင်နေပြီလား"

"ဟင့်အင်း"

"အဲ့တာဆို စကားပြောရအောင်လေ"

"အင်း"

အနဲဆုံးတော့ စကားပြောနေရင် ဒီအနေရခက်တဲ့ အခြေအနေကြီးကို သက်သာစေမှာပါ။

"မင်းပညာသင်ပြီးရင် အိမ်ပြန်မှာပေါ့နော် မင်းအိမ်က ဘယ်မြို့မှာလဲ"

"ဟို....နန်းမြို့တော်မှာ....ရိပေါ် မင်းကရော ပညာသင်ပြီးရင် ဘယ်သွားမှာလဲ"

"ငါလဲ နန်းမြို့တော်သွားပြီး နန်းတော်ထဲမှာ အလုပ်ဝင်ရင်ကောင်းမလားလို့"

ရိပေါ်စကားကြောင့် ရှောင်းကျန့် ရင်ထိတ်သွားသည်။ သူအချိန်အတော်ကြာ သူ့သရုပ်မှန်ကို မေ့ထားခဲ့မိတာပဲ။ ရိပေါ်သာ သူ့ကို အိမ်ရှေ့စံမင်းသားမှန်းသိသွားရင် ဘယ်လိုဆက်ဆံလေမလဲ။

ရိပေါ် မျက်နှာမကောင်းတဲ့ ရှောင်းကျန့်ကြောင့် လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ

"ငါတို့တစ်နေရာထဲမှာ အတူရှိနေနိုင်မှာလေ။ မင်းရော ငါနဲ့ နန်းတော်ထဲ လိုက်ခဲ့မလား"

"ရိပေါ်....ဒီအကြောင်းတွေနောက်မှ စဥ်းစားရအောင်နော် ငါတို့မှာ နှစ်နှစ်တောင် အချိန်ရှိသေးတာပဲ"

"အင်း မင်းသဘော"

ရှောင်းကျန့်နဖူးလေးကို ရိပေါ်က ဖွဖွလေးနမ်းလိုက်သည်။

"ငါ မင်းကုတင်မှာလာအိပ်လို့ရမလား"

"ဟင်"

ရိပေါ်ရဲ့ ခွင့်​တောင်းသလိုစကားကြောင့် ရှောင်းကျန့်မျက်နှာလေးနီသွားသည်။

Innocent Felon (Completed)Where stories live. Discover now