Part (85)

4.5K 445 18
                                    

Unicode

"ဦးရီးတော် နေကောင်းပါရဲ့လား"

"ကောင်းပါတယ် မိဖုရား ကျုပ်အဆောင်ကိုလာတာ ဘာကိစ္စများလဲ"

"အထွေအထူးမဟုတ်ပါဘူး ကျူးအာ ခုတလော ဦးရီးတော်ကို နန်းတော်ထဲမှာ မတွေ့ရတော့ ကျန်းမာရေးမကောင်းဘူးထင်လို့ပါ"

"တူတော်က တိုင်းပြည်အရေးတွေကိုယ်တိုင်စီမံနေတာမို့ ကျုပ်ဝင်ပါစရာမလိုတော့လို့ပါ။ တူတော်က အရည်အချင်းရှိပြီး ထက်မြတ်တဲ့ မင်းတစ်ပါးဖြစ်လာပြီဆို​တော့ ဒီလူအိုကြီး စိတ်ချလက်ချ အနားယူနိုင်ပြီလေ"

"မှန်ပါတယ် ဒါနဲ့ အခုတလော ဦးရီးတော် အစ်ကိုဝေ့ရင်းအပေါ်ရော သဘောထားပြောင်းသွားသလိုပဲနော်"

"တူတော်က ဝေ့ဝူရှန့်ကို အင်မတန်ချစ်မြတ်နိုးတယ်။ ဝေ့ဝူရှန့်က တိုင်းပြည်အရေးတွေမှာလဲ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူး။ အမတ်တွေကလဲ သူ့အပေါ်အမြင်ကြည်လင်လာတယ်ဆို​တော့....ကျုပ်လဲ မကန့်ကွက်တော့ပါဘူး။ တကယ်တော့ ဝေ့ဝူရှန့်က ရိုးသားဖြူစင်ပါတယ်....ကြာလာတော့ သူ့အပေါ်အရင်ကလို အမြင်မကြည်တာတွေမရှိတော့ဘူးသူ့အပေါ် အရင်က ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက်လဲ သူ့ကိုရော တူတော်ဝမ့်ကျီးကိုပါ တောင်းပန်ပြီးပါပြီ။ဝမ်းသာစရာကိစ္စက သူက ဝမ့်ကျီးအတွက် နန်းသွေးမွေးပေးနိုင်တယ်.....သူတို့နှစ်ယောက်ကနေ မွေးဖွားလာမဲ့ ကလေးက သေချာပေါက် နန်းသွေးစစ်စစ်ဖြစ်ပြီး ဉာဏ်ရည်ထက်မြတ်မှာပဲ...."

ကျူးအာ လန်ဦးရီးတော်၏ စကားကြောင့် ဒေါသထွက်သွားသည်။ ဒါဆို သူမမွေးမည့်ကလေးက နန်းသွေးမစစ်ဘူးဆိုသည့် သဘောလား....။

"မိဖုရားလဲ ဝေ့ရင်း အပေါ် အကောင်းမြင်စိတ်ထားကြည့်ပါ...ဒါဆို မိဖုရားလဲ မပူလောင်တော့ဘူး"

ဒီလူအိုကြီးက ဘာမှအကူအညီမဖြစ်တော့။ နောက်ဆုံးတော့ သူလဲ ဝေ့ဝူရှန့်ဘက်ပါသွားတာပဲ။

ကျူးအာ ပျက်ယွင်းနေသည့် မျက်နှာကို ချက်ချင်းထိန်းလိုက်ကာ

"ဦးရီးတော်ပြောတာ မှန်ပါတယ် ကျူးအာ အစ်ကို ဝေ့ရင်းကိုမမုန်းပါဘူး။ အစ်ကိုက တကယ်တော့ အရမ်းကို ဖြူစင်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူ တစ်ယောက်ပါ"

Innocent Felon (Completed)Where stories live. Discover now