Part (33)

4.8K 512 24
                                    

Unicode

ရှောင်းကျန့် ရိပေါ်အိမ်မှာ လိုက်နေနေတာ သုံးရက်ရှိသွားပြီဖြစ်သည်။ နှစ်ယောက်သား ကော်နဲ့ကပ်ထားသလို အမြဲတပူးပူးတတွဲတွဲ ဖြစ်နေတာကြောင့် ဝမ်ပါးပါးကတောင်ပြောတယ် မင်းတို့က တော်တော်ချစ်တဲ့ သူငယ်ချင်းတွေပဲတဲ့။

"ရိပေါ် ငါမင်းကို ဟင်းချက်ကျွေးမယ်"

"မင်းကချက်တတ်လို့လား"

"ချက်တတ်တယ်..."

"သူများတွေကိုရော ချက်ကျွေးဖူးလား"

"ဟင့်အင်း...."

"ပျော်လိုက်တာ အဲ့တာဆို ငါက ရှောင်းသခင်လေး ချက်ကျွေးတဲ့ ထမင်းကို ပထမဆုံးစားရတဲ့ သူပေါ့နော်"

"အင်း"

ညနေရောက်တော့ ရှောင်းကျန့်တစ်ယောက်မီးဖိုခန်းထဲမှာ တကုပ်ကုပ်အလုပ်တွေရှုပ်နေသည်။

"အများကြီးမချက်နဲ့လေ...ငါ့တစ်ယောက်စာပဲမဟုတ်ဘူးလား"

ရိပေါ်က ရှောင်းကျန့်ပုခုံးပေါ်မေးတင်ပြီးမေးလိုက်သည်။ လက်နှစ်ဖက်ကလဲ နောက်ကနေခါးကို သိုင်းဖက်လျက်သား။

"ဒီအိမ်မှာ မင်းတစ်ယောက်ထဲနေတာမှ မဟုတ်တာ။ ဦးလေးလဲရှိတယ်။ အစ်ကို ကျင်းယွီလဲရှိတယ်"

"ဘယ်လို....ငါ့ကိုပဲ ချက်ကျွေးတာမဟုတ်ဘူးပေါ့"

"အေးလေ ကျန်တဲ့သူတွေအတွက်လဲပါတာပေါ့"

"ငါ့အတွက်ပဲ မဟုတ်ရင်မစားဘူး"

"မစားနေပေါ့"

"မင်းကလဲ စတာကို စားမှာပေါ့....ကိုယ့်ချစ်သူက ချက်ကျွေးတာပဲဟာ...မွ.....ချွေးတွေထွက်နေပြီ ငါသုတ်ပေးမယ်။ အမယ်လေး......ဝမ်ရိပေါ်တို့များ ကံကောင်းလိုက်တာ ဘက်စုံတော်တဲ့ အိမ်ရှင်မလေးရထားတယ်"

"ဘယ်သူကမင်းအိမ်ရှင်မလဲ...ဟွန်း....."

"ရှောင်းကျန့်လေးလေ....."
________________________
"ကောင်လေးမင်းက ဟင်းချက်တော်တာပဲ"

"စားလို့ကောင်းရဲ့လား ဦးလေး"

"ကောင်းတယ် ကောင်းတယ်"

"များများထည့်စားပါ ဦးလေး၊ အစ်ကိုလဲ ထည့်စားပါ"

"စားလို့ကောင်းတယ် ညီလေးရှောင်းကျန့်"

Innocent Felon (Completed)Where stories live. Discover now