Part (18)

4.5K 552 13
                                    

Unicode

ဝေါယာဥ်ပေါ်မှာ မလှုပ်မရှပ်ထိုင်နေသည့် ရှောင်းကျန့်ကို ပြည်သူတွေက ကြမ်းပြင်မှာ ဝပ်တွားရင်း ဂါရဝပြုနေကြသည်။ အချို့ကလဲ တီးတိုးစကားဆိုနေကြသည်။ တိုင်းသူပြည်သားတွေက သူနှင့် မင်းကြီးကို အမြင်မကြည်မှန်းသူသိသည်။ လွန်ခဲ့တဲ့ကိုးနှစ်က နန်းတော်အတွင်းသွေးချောင်းစီးခဲ့သည့် အဖြစ်ကို သူတို့မမေ့နိုင်ဘူးကိုး။

"အဲ့တာအိမ်ရှေ့စံလား"

ရိပေါ်က ခပ်လှမ်းလှမ်းက တည်းခိုခန်းတစ်ခုရဲ့ အပေါ်ထပ်ကနေ လှမ်းကြည့်ပြီး စားပွဲထိုးတစ်ယောက်ကို မေးလိုက်သည်။

"ဟုတ်တယ်ဗျ..."

ထိုအိမ်ရှေ့စံမင်းသားဘေးပတ်လည်မှာ လိုက်ကာတွေနှင့်ကာထား၍ မျက်နှာကို မမြင်ရ။

"သူက အရမ်းချောတယ်ဆို ဘာလို့မျက်နှာကို ကာထားတာလဲ"

"ဒီကညီနောင် မသိသေးဘူးထင်တယ်။ အိမ်ရှေ့စံက ချောလွန်းတော့ အရှင်မင်းကြီးက တစ်ပါးသူတွေ စုံမက်သွားမှာ မလိုလားဘူးလေ။ အဲ့တာကြောင့် မျက်နှာကို အမြဲဖုံးထားတာ။"

"အင်း"

ရိပေါ် ထိုအိမ်ရှေ့စံမင်းသားကို မဲ့ရွှဲ့ပြီး ကြည့်လိုက်သည်။ ကြီးကျယ်လွန်းလိုက်တာ။ ရိပေါ်ချက်ချင်းပဲ အကြည့်လွဲလိုက်တာကြောင့် ဝေါယာဥ်ဘေးမှ ကျန်းချန်ကို မြင်မသွား။
________________________
"အရှင့်သား ဆင်းလာလို့ရပါပြီ"

"အင်း"

ကျန်းချန်ရဲ့ အသိပေးစကားကြားတော့ ရှောင်းကျန့် လိုက်ကာစကို အသာလှပ်ကာ ဝေါယာဥ်ပေါ်မှ ဆင်းလိုက်သည်။

"အရှင့်သား အရှင်က သံတမန်တွေနဲ့ တွေ့တဲ့အခါ စကားအရာပြေပြစ်စွာပြောဖို့ မှာကြားလိုက်ပါတယ်"

"ကျွန်တော်သိပါတယ် သေနာပတိ"

"အရှင့်သား သံတမန်အဖွဲ့ရောက်လာပါပြီ"

"ကောင်းပြီ"

ကိုယ်ရံတော်ရဲ့ စကားအဆုံးရှောင်းကျန့် နောက်လိုက်တွေ ခြံရံလျက် နန်းမြို့ရိုးတံခါးကို ဖွင့်ဖို့အမိန့်ပေးလိုက်သည်။ မြို့ရိုးတံခါးပွင့်သွားသောအခါ ချန်သံတမန်အဖွဲ့ မြို့တော်ထဲဝင်လာသည်။ ရှေ့ဆုံးမြင်းပေါ်က အဆောင်အယောင်တွေနဲ့ လူတစ်ယောက်က မြင်းပေါ်က ဆင်းလာပြီး ရှောင်းကျန့်ကို အရိုအသေပေးကာ

Innocent Felon (Completed)Where stories live. Discover now