Part (62)

5.4K 545 24
                                    

Unicode

"ချန်နိုင်ငံဘက်က ကျုပ်တို့ထက် လက်နက်အင်အားတောင့်တင်းတယ်"

"ဟုတ်တယ် သူတို့ဆီမှာ လက်နက်ထုတ်တဲ့ နေရာတွေများတယ်။ နည်းပညာကတော့ အနောက်နိုင်ငံသားတွေဆီက ရတာ"

ချင်မင်းကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ

"ကျုပ်တို့ဘက်က လူအင်အားသာနေဖို့နဲ့ နည်းဗျူဟာကြွယ်ဖို့ပဲလိုပါတယ်....ဒါနဲ့ ဟန်နိုင်ငံဘက်ကိုရော သံတမန်စေလွှတ်ပြီးပြီလား"

"စေလွှတ်ပြီးပါပြီ....သိပ်မကြာခင်မှာပဲ လန်၊ဟန်၊ချင် သုံးနိုင်ငံမဟာမိတ် သဘောတူစာချုပ်ချုပ်ဆိုဖို့ မျှော်မှန်းထားပါတယ်"

"သိပ်ကောင်းတယ်"

"ချန်နိုင်ငံရဲ့ နန်းတော်တွင်းမှာ ကျွန်တော်သူလျှိုခန့်ထားပါတယ်။ နယ်စပ်မြို့တွေကို ပြန်သိမ်းပိုက်ဖို့လဲ စီစဥ်ပြီးပါပြီ။ ဒါကြောင့် စာချုပ်ချုပ်ပြီးတာနဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး ချန်နိုင်ငံကို ဝင်တိုက်ရုံပါပဲ"

"လန်ဘုရင်ငယ်လေးက အသက်ငယ်ရွယ်ပေမဲ့ တကယ့်ကို တော်ပါပေတယ်"

"မြှောက်လွန်းနေပါပြီ အရှင်မင်းကြီး"

"ဟားဟား...ဒါနဲ့ လန်မင်းကြီးရဲ့ ကြင်ယာတော်ကလဲ တော်ပြီးထက်မြက်တဲ့သူတစ်ယောက်ပါပဲ။ နှစ်ယောက်သား လိုက်ဖက်ပါပေတယ်"

"ကျေးဇူးတင်ပါတယ်။ သူက နဲနဲကလေးဆန်ပေမဲ့ အရည်အချင်းရှိပါတယ်"

"ဒါပေါ့....တစ်ခွက်လက်ခံပါ လန်ဘုရင်"

လန်ကျန့် ချင်ဘုရင်ငှဲ့ပေးတဲ့ ရေနွေးတစ်ခွက်ကို တရိုတသေ လက်ခံလိုက်သည်။ ထို့နောက် ဘုရင်နှစ်ပါး လက်ဖက်ရည်သောက်ရင်း တိုင်းပြည့်အရေးဆက်ဆွေးနွေးနေကြသည်။
_______________________
"ရှန့်ရှန့်"

အားချင် ဝေ့ရင်းဆီလာတော့ စောင်ကို​ခေါင်းထိခြုံထားပြီး ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသည့် ဝေ့ရင်းကို တွေ့ပြီး အနားမှာ ဝင်ထိုင်လိုက်သည်။

"ဘယ်လိုလဲ မနေ့က"

"အားချင်....နင်ငါ့ကို ကူညီတာလား လုပ်ကြံတာလားဟာ"

Innocent Felon (Completed)Where stories live. Discover now