Part (63)

4.6K 511 28
                                    

Unicode

လန်နိုင်ငံ၊ ဟန်နိုင်ငံနှင့် ချင်နိုင်ငံတို့ မဟာမိတ်စာချုပ်ချုပ်ဆိုအပြီးမှာ စစ်ပွဲအတွက် တန်းပြင်ဆင်နေကြသည်။ ချန်နိုင်ငံ၏ နယ်စပ်မြို့များကို ဟန်နိုင်ငံနှင့် ချင်နိုင်ငံဘက်မှ အရင်ဆုံးတိုက်ခိုက်မည်ဖြစ်သည်။ လန်နိုင်ငံကတော့ ချန်နိုင်ငံ၏ မဟာမိတ်တပ်ကူအယောင်ဆောင်ကာ နောက်ဆုံးမှ မြို့တော်ကို သိမ်းပိုက်မည်ဖြစ်သည်။

"အခုချိန်ဆို ဟန်နိုင်ငံဘက်က လှုပ်ရှားနေလောက်ပြီ။ချန်နိုင်ငံဘက်က စစ်ကူလှမ်းတောင်းတာနဲ့ ငါတို့ဘက်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ကွေ့ကျိုး(ချန်နိုင်ငံနှင့် လန်နိုင်ငံ၏ နယ်စပ်မြို့)မှာ တပ်ဆွဲထားမယ်....အသင့်ပြင်ထားကြ"

"အမိန့်အတိုင်းပါ အရှင်"

မနေ့ကတင် စစ်ထဲလိုက်ချင်လို့ တဖွဖွပူဆာနေသည့် ဝေ့ရင်းက ဒီနေ့တော့ ငြိမ်ကုပ်နေသည်။ အမြင်မှန်ရသွား၍လားမသိ။

"ယွီပင်း"

"အရှင်"

"ဝေ့ရင်း သူ့အဆောင်ထဲမှာ ရှိရောရှိရဲ့လား"

"ရှိပါတယ် အရှင် ခေါ်ပေးရမလား"

"မလိုဘူး မေးကြည့်တာ"
________________________
ချန်နိုင်ငံဘက်မှ စစ်ကူလှမ်းတောင်းတာနှင့် လန်နိုင်ငံစစ်တပ်က စစ်မြေပြင်သို့ထွက်ခွာဖို့ပြင်နေကြသည်။

"အရှင်....ကြင်ယာတော် တွေ့ခွင့်တောင်းပါတယ်"

လန်ကျန့် စစ်ဝတ်တန်ဆာတွေ ဝတ်ဆင်နေတုန်း ဝေ့ရင်းရောက်လာပြီးတွေ့ခွင့်တောင်းသည်။

"ဝင်လာခိုင်းလိုက်"

"အရှင်....."

"ဘာကိစ္စလဲ"

"ဟို....အရှင့်ကို ဒါလေးပေးချင်လို့....ဒါလေးက အန္တရာယ်ကင်းစေတဲ့ ကြိုးနီလေးပါ ကျွန်တော်ကိုယ်တိုင်ကျစ်ထားတာ...အရှင် စစ်မြေပြင်ကနေ အန္တရာယ်ကင်းကင်းနဲ့ အောင်အောင်မြင်မြင် ပြန်လာခဲ့နော်"

"ရှုပ်ရှုပ်ယှက်ယှက်တွေ"

ဝေ့ရင်းက မျက်နှာလေးမကောင်းစွာနဲ့ သူယူလာတဲ့ လက်ပတ်ကြိုးလေးကို စားပွဲပေါ်တင်ထားလိုက်သည်။

Innocent Felon (Completed)Where stories live. Discover now