Part (67)

4.5K 505 11
                                    

Unicode

"အရှင် စစ်သေနာပတိချုပ်လျန်က ချန်နိုင်ငံသိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါပြီ"

"ကောင်းတယ်"

"အရှင် ချန်ဘုရင်ကတော့ စစ်တပ်ချီလာပါပြီတဲ့"

"အင်း ငါတို့ဘက်က အသင့်ပြင်ထားရမယ်...ဟန်နဲ့ချင် ဘက်က စစ်ကူတွေရော"

"လမ်းတစ်ဝက်ရောက်နေပါပြီတဲ့ အရှင်"

"ချန်နိုင်ငံက တောင်ထူထပ်တဲ့နေရာဖြစ်တာကြောင့် ​တောင်ကြားတွေ လျှိုတွေရှိမယ်။ ဒါသူတို့အတွက်အားသာချက်ပဲ။ လမ်းတစ်လျှောက် မရေတွက်နိုင်တဲ့ လျှိုမြောင်တွေကို ဖြတ်သွားရတဲ့ အချိန်အလစ်အတိုက်ခံရနိုင်တယ် အဲ့တာကြောင့် မင်းတို့သတိထားကြ"

"ဟုတ်ကဲ့ပါ အရှင်"

လန်ကျန့် စစ်သူကြီးတွေနဲ့ ဗျူဟာများဆွေးနွေးပြီးနောက် တဲထဲကို ပြန်လာတော့ တဲအတွင်းထဲမှာ ဝေ့ရင်းက ဓားရေးလေ့ကျင့်နေသည်။

"ဝေ့ရင်း"

"အရှင်.....စစ်သူကြီးတွေနဲ့ ဆွေးနွေးပြီးပြီလား"

"အင်း"

"အရှင် တကယ်လို့ တိုက်ပွဲမှာ ကျွန်တော်သေသွားခဲ့ရင်"

"ဝေ့ရင်း တကယ်လို့ဆိုတဲ့စကားကို မပြောနဲ့....မင်းက ငါ့အနားမှာ အမြဲနေပေးရမှာ မင်းကို သေခွင့်မပြုဘူး"

"ဟုတ်ကဲ့ပါ"

"မနက်ဖြန် စစ်မြေပြင်ကို ထွက်ရမယ် ဒီည ကောင်းကောင်းအိပ်"

"ဟုတ်ကဲ့ပါ အရှင်"

ညရောက်တော့ အိပ်ရာမဝင်ခင် ဝေ့ရင်း အရှင့်ကို နှိပ်နယ်ပေးနေသည်။

"ဝေ့ရင်း တော်ပြီ မနှိပ်နဲ့တော့"

ဝေ့ရင်းလက်ကို ကိုင်ကာတားလိုက်သည့် လန်ကျန့်ရဲ့ လက်မှာ သူပေးထားသည့် အဆောင်ကြိုးအနီလေးကို တွေ့တော့ ဝေ့ရင်း အံ့သြသွားသည်။

"အရှင်.....ဒါလေးကို လွှင့်ပစ်လိုက်မယ်ထင်တာ"

လန်ကျန့်က သူ့လက်ကို ပြန်ရုတ်လိုက်ကာ

"သိမ်းထားရတာ အလုပ်ရှုပ်လို့"

"အရှင် ဒီမှာကြည့် ကျွန်တော့်လက်မှာလဲ အရှင်ပေးခဲ့တဲ့ ဖူးစာကြိုးနီလေးဝတ်ထားတယ်။ ကျွန်တော်ဒါလေးကို ဘယ်​တော့မှမချွတ်ဘူး"

Innocent Felon (Completed)Where stories live. Discover now