Part (15)

5.1K 601 9
                                    

Unicode

"ဟင်း......."

"ရှောင်းကျန့်သတိရပြီလား မင်းဒဏ်ရာဘယ်လိုနေသေးလဲ နာနေလား"

"ဝမ်ရိပေါ်"

ရှောင်းကျန့် သတိရတာနှင့် သူ့ကိုစိုးရိမ်တကြီးကြည့်နေသည့် ရိပေါ်ကို မြင်တော့ မျက်နှာလွှဲလိုက်သည်။

"ကျန်းချန်ရော"

"သူပြန်သွားပြီ ငါရှိနေတာကို သူ့ကိုတနေတာလား မင်းတို့က ဘာတွေလည်း"

"သူက မင်းထက်ပိုကောင်းတယ် ငါ့ကို ပစ်မထားဘူး။ အယောင်ဆောင်လဲ ဂရုစိုက်မပြဘူး"

"ငါကမင်းကို အယောင်ဆောင်ဂရုစိုက်နေလို့လား"

"မဟုတ်လို့လား.....ဟင့်....အရင်ကဆို ငါဒဏ်ရာရတာနဲ့ ကျန်းချန်ထက်အရင် အနားရောက်လာပြီးသား။ အခုကျမင်းက ငါ့ကိုစကားလဲ အကောင်းမပြောဘူး။ ငါ့ကိုလဲ ဂရုမစိုက်ဘူး။ ငါဒဏ်ရာရတာတောင် ဒီတိုင်းရပ်ကြည့်နေတယ်"

"ရှောင်းကျန့် မင်းထင်သလိုမဟုတ်ပါဘူး ငါက....."

"မင်းငါ့အနားမှာ မနေချင်ရင် အခုထဲက ထွက်သွားပါကွာ။ ငါ့ကို ဒီထက်ပိုပြီး သံယောဇဥ်တွယ်အောင်မလုပ်ပါနဲ့"

"ရှောင်းကျန့်......"

"ငါဒီည ကျန်းချန်တို့ အခန်းမှာပဲ သွားအိပ်လိုက်မယ်"

"ရှောင်းကျန့် မသွားပါနဲ့"

"နောက်နေ့ကစပြီး ငါတို့ သူစိမ်းတွေလိုနေရအောင် ငါ့ကိုတွေ့ရင် မခေါ်နဲ့ စကားလဲမပြောနဲ့"

ကျန်းချန်တို့အခန်းကို ထွက်သွားဖို့ပြင်နေသည့် ရှောင်းကျန့်ကို ရိပေါ် အနောက်ကနေ သိုင်းဖက်လိုက်ကာ

"ငါ....ငါမင်းကိုစိတ်ပူတယ်....ကျန်းချန်ဆီမသွားပါနဲ့"

"ဝမ်ရိပေါ် ငါ့ကိုလွှတ်"

"ရှောင်းကျန့် ငါမင်းကို တကယ်ဂရုစိုက်တာပါ။ အခုတလော မင်းကို ရှောင်နေမိတာက ငါ့မှာ အကြောင်းရှိလို့ပါကွာ....မင်းနားလည်ပေးမယ်မလားဟင်"

"မင်းငါ့ကိုမုန်းလား"

"မင်းက ငါ့သူငယ်ချင်းလေ မင်းကိုမုန်းစရာလား ရှောင်းကျန့်ရာ"

Innocent Felon (Completed)Where stories live. Discover now