Part (99)

4.3K 411 2
                                    

Unicode

မင်းသားငယ်လေးနှစ်ပါး၏ ငါးနှစ်ပြည့်မွေးနေ့ပွဲကို နန်းတော်အတွင်း ခမ်းခမ်းနားနားကျင်းပမည်ဖြစ်တာကြောင့် အိမ်နီးချင်း တိုင်းပြည်များကိုပါ ဖိတ်ကြားထားသည်။

ဝေ့ရင်း အိပ်ရာနိုးတော့ ကုတင်ပေါ်မှာထိုင်ကာ ခေါင်းဖြီးနေတုန်း လန်ကျန့်ပါ နိုးလာကာဝေ့ရင်း လည်ပင်းသားလေးကို နမ်းရှိုက်နေတော့သည်။

"တော်တော့ကွာ...အရာတွေထင်ကုန်လိမ့်မယ်....ဒီနေ့ ဧည့်သည်တွေအများကြီးလာကြမဲ့ဟာ"

"ထိရုံလေး နမ်းတာပါဝေ့ရင်းရဲ့"

"ချိုးရေ အဆင်သင့်ဖြစ်ပါပြီ ကြင်ယာတော်"

"အင်း လာခဲ့မယ်"

အပြင်ဘက်ကနေ အသံပေးလာတာကြောင့် ဝေ့ရင်းပြန်ဖြေရင်း ထလာလိုက်သည်။ လန်ကျန့်က ဝေ့ရင်းလက်ကို ဆွဲထားကာ

"ကိုယ်လဲ တစ်ခါထဲ ချိုးမယ်"

"မရဘူး....ပြီးရင်မင်းက...."

"ကိုယ် ဘာမှမလုပ်ပါဘူး တကယ်ပါ...ကိုယ်တို့နှစ်ယောက်အတူတူချိုးတော့ အချိန်ကုန်တောင် သက်သာသေးတယ်မလား"

"ဟွန်း....တားမရလဲ လိုက်ခဲ့တော့"

ဝေ့ရင်း ရေချိုးဆောင်ထဲရောက်တော့ အဝတ်တွေချွတ်ပြီး ရေချိုးကန်ထဲဝင်စိမ်နေလိုက်သည်။ နှင်းဆီပန်းပွင့်ဖတ်တွေ စိမ်ထားသည့် ရေကန်ထဲမှာ ပန်းရနံ့တွေ ထုံမွှန်းနေသည်။ ဝေ့ရင်း အဝတ်တစ်ခုနှင့်ကိုယ်ကိုပွတ်တိုက်နေတုန်း ခါးကနေ လာဖက်လာသည့် လက်တစ်စုံကြောင့် လန့်ပြီး တုန်သွားသည်။

"ဘာလို့ လန့်သွားတာလဲ ကိုယ်လဲချိုးမယ်လို့ပြောထားတာပဲကို"

"အသံမပေးတော့ လန့်တာပေါ့"

"ရွှတ်.....မွှေးလိုက်တာ...."

လန်ကျန့်က ဝေ့ရင်း ခန္ဓာကိုယ်ကို လိုက်နမ်းနေတော့ ဝေ့ရင်းက တွန့်လိမ်ကာ ရုန်းနေသည်။

"လန်ကျန့်.........ယားတယ်"

"ယားလဲသည်းခံကွာ မင်းက အမှတ်မထင်စေနဲ့ဆို​တော့ ကိုယ်လဲ မတတ်နိုင်ဘူး"

"ဟင်....မင်းလက်ကြီး ဖယ်ကွာ...."

"ဟင့်အင်း မကျေနပ်ရင် မင်းလဲပြန်ကိုင်လေ"
(*နှင်းဆီပန်းတွေနဲ့မို့ သာသာလဲ မြင်ရဘူး။ ကွကိုယ်ထင်ချင်ရာထင်)

Innocent Felon (Completed)Where stories live. Discover now