Part (75)

4.8K 485 20
                                    

Unicode

ဝေ့ရင်း သူ့ကို ခေါ်ထားပြီး ဘာမှမပြောဘဲ စာထိုင်ရေးနေသည့် လန်ကျန့်ကို ဆူပုတ်ပုတ်နှင့် လှမ်းလှမ်းကြည့်နေသည်။

"အရှင်......အရှင်.......လန်ကျန့်!"

လန်ကျန့်လို့ခေါ်မှ မော့ကြည့်လာတော့ ဝေ့ရင်း မျက်​လုံးလေးကလယ်ကလယ်လုပ်ကာ

"အရှင်က ကျွန်​တော်ခေါ်နေတာလှည့်မှမကြည့်တာ....အဲ့တာကြောင့်"

"ရတယ် ဝေ့ရင်း မင်းကိုယ့်ကို ကြိုက်သလိုခေါ်လို့ရတယ်"

"အဲ့တာအရေးမကြီးဘူး အရှင်...ကျွန်တော့်ကို ခေါ်ထားပြီး ဘာမှလဲမပြောဘူး ဒီတိုင်းထိုင်နေရတာ တော်တော်ကြာပြီ"

"အဟွန်း.....ဝေ့ရင်းက ထိုင်မနေချင်လို့ ဘာလုပ်ချင်လဲ ကိုယ့်ကိုပြော....."

ဝေ့ရင်း ပြုံးစိစိနှင့်ပြောနေသော လန်ကျန့်ကြောင့် မျက်နှာလေးရဲသွားရသည်။

"မဟုတ်ဘူး ကျွန်တော်ပြောတာက အရှင်ပြောစရာမရှိဘူးဆိုရင်လဲ ကျွန်တော်ပြန်တော့မယ်လို့"

"ကိုယ်က ပြောစရာရှိမှ မင်းကိုခေါ်ရမှာလား.....ဝေ့ရင်း ဒီနားလာခဲ့"

လန်ကျန့်ကလက်ထဲက စုတ်တံကို ချလိုက်ပြီး ဝေ့ရင်းကို သူ့နားလာဖို့ခေါ်လိုက်သည်။ဝေ့ရင်းက တွန့်ဆုတ်တွန့်ဆုတ်နှင့် လန်ကျန့်အနားတိုးသွားတော့ လန်ကျန့်က ဝေ့ရင်းခါးကိုကိုင်ကာ သူ့ပေါင်ပေါ်ပွေ့တင်လိုက်သည်။

"အရှင်....ဒီလိုကြီးမနေချင်ဘူး....တစ်ယောက်ယောက်မြင်သွားရင် မကောင်းဘူးလေ"

"ရှင်ဘုရင်ရဲ့ အိပ်ဆောင်ထဲကို ဘယ်သူက ဝင်ရဲမှာလဲ"

"ဒါပေမဲ့ ကျွန်​တော်မကြိုက်ဘူး"

"ဝေ့ရင်း..."

"ကျွန်တော့်ကို လွှတ်ပါအရှင်"

"ဟင့်အင်း မလွှတ်ဘူး"

လန်ကျန့်က ဝေ့ရင်း နားသယ်စပ်လေးကို ရွှတ်ကနဲ နမ်းလိုက်တော့ ဝေ့ရင်းကိုယ်လေးကျုံ့သွားသည်။

"ကျွန်တော်မကြိုက်ပါဘူးဆိုနေ"

"ဟုတ်လား....အဲ့တာဆို ဘယ်နားကို နမ်းပေးရမလဲ မင်းပြောကြည့်....မင်းကြိုက်တဲ့နေရာပဲနမ်းမယ်"

Innocent Felon (Completed)Where stories live. Discover now