Unicode
မုန့်ယောင်နှင့် ဟွိုင်စန်းကို အခြားဆရာတွေက သင်ပြပေးနေပေမဲ့ ရှောင်းကျန့်ကို ချန်ဖေးက ကိုယ်တိုင်သင်ပေးနေသည်။
"ရှောင်းကျန့် ဓားကို တအားကြီးဆုပ်ကိုင်မထားနဲ့။ စိတ်ကိုလျှော့ထား။ ဓားနဲ့ မင်းကတစ်သားထဲဖြစ်နေသလိုမျိုး မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို သဘောထား။ မင်းပန်းချီဆွဲတတ်တယ်မလား"
"ဟုတ်ကဲ့ဆရာ"
"ပန်းချီစုတ်တံနေရာမှာ ဓားကို အစားထိုးမြင်ယောင်ကြည့်လိုက်လေ"
"ဟုတ်ကဲ့"
"ဒီလိုလေးအလိုက်သင့် လှုပ်ရှားကြည့်"
ချန်ဖေးက ရှောင်းကျန့်အနောက်ကနေ ရှောင်းကျန့်လက်ကို ကိုင်ကာ သေချာသင်ပြပေးနေသည်။
"နားလည်ပြီလား"
"နားလည်ပါပြီဆရာ"
"အဲ့တာဆို ခုနကသင်ထားတဲ့ အကွက်ပြန်လုပ်ပြ"
"ဟုတ်ကဲ့"
ရှောင်းကျန့် ချန်ဖေးသင်ထားသည့် အကွက်ကို သေချာပြန်လုပ်ပြနေသည်။ အနည်းငယ် ရှည်နေသည့် အင်္ကျီစကြောင့် ခြေထောက်နှင့် ညိကာ လဲမလိုဖြစ်သွားသော်လည်း တစ်စုံတစ်ယောက်က ခါးကနေဖမ်းထိန်းထားလို့ လဲကျမသွား။
"ဆရာ"
ချန်ဖေးက ရှောင်းကျန့်ကို အတန်ကြာစိုက်ကြည့်မိနေပြီးမှ ချောင်းဟန့်လိုက်ကာ
"အဟမ်း....မင်းနောက်တစ်ခါ လေ့ကျင့်တဲ့ အချိန် ဒီလိုအဝတ်အစားတွေမဝတ်နဲ့"
"ဟုတ်ကဲ့ပါဆရာ....ဟိုလေ ကျွန်တော့်ကို လွှတ်ပေးလို့ရမလား"
"အေး.....ဟို...ဒီနေ့တော့ ဒီလောက်ပဲ မင်းပြန်လို့ရပြီ"
ရှောင်းကျန့်က အတန်းချိန်ပြီးပြီဆိုတာနဲ့ ဓားကို သူ့နေရာသူပြန်သွားထားကာ ရိပေါ်ဆီပြေးတော့သည်။ ရိပေါ်က ထမင်းစားခန်းထဲမှာ သူ့အတွက်ပါ ထမင်းယူထားပြီးစောင့်နေလောက်ပြီ။
______________________
"ဟိတ်ကောင်တွေ ဒီနေ့ လေ့ကျင့်ရေး ကွင်းမှာ အချစ်တွေပြည့်နေတဲ့ မြင်ကွင်းတစ်ခုတွေ့ခဲ့တယ်ကွ"
YOU ARE READING
Innocent Felon (Completed)
Fanfiction(Innocent Felon လေးကို ပထမဆုံးစဖတ်မည့်သူများအနေနှင့် Edited Version ကိုလဲဖတ်စေချင်ပါတယ်) "စိတ်ကြိုက်သာ နှိပ်စက်ပါတော့ ရိပေါ် ငါက အပြစ်သားတစ်ယောက်မို့ မင်းပေးတဲ့ အရာရာကို လက်ခံဖို့အသင့်ပါပဲ။ နာကျင်မှုတွေဆိုရင်တောင် မင်းပေးတာမို့ ငါကျေကျေနပ်နပ်ပဲခံ...