Part (43)

4K 512 0
                                    

Unicode

လူမနေသည့် အဆောင်ငယ်က လမိုက်ညဖြစ်သော်ငြား မှောင်မဲမနေဘဲ နေရာအနှံံ့ထွန်းထားသည့် မီးအိမ်တွေကြောင့် လင်းထိန်နေသည်။ ဒီဆိတ်ငြိမ်ဆောင်လေးက ရှောင်းကျန့်အတွက် သီးသန့်ကမ္ဘာငယ်လေး။ သူပိုင်တဲ့နေရာမဟုတ်ပေမဲ့....သူလာခွင့်ရှိတဲ့နေရာလေးတစ်ခုပင်။ လွန်ခဲ့တဲ့ ဆယ်နှစ်က လန်ကျန့်ရဲ့အဆောင်ဖြစ်ခဲ့တာပေါ့။ အခုတော့ သူ အထီးကျန်သလို ခံစားရတိုင်း၊ ဝမ်းနည်းတဲ့ အခါတိုင်း လာတတ်တဲ့ နေရာလေးတစ်ခုဖြစ်နေသည်။

"လန်ကျန့်....မင်းပြောကြည့်.....သူငါ့ကို တစ်သက်လုံးခွင့်မလွှတ်တော့ဘူးလား.....သူငါ့ကိုသတ်ချင်နေတုန်းလားဟင်....ငါလဲ ဘာမှမလုပ်မိပါဘဲနဲ့ ဘာလို့လူတိုင်းက ငါ့ကိုသတ်ချင်နေတာလဲ.....မေ့နေတာ.....မင်းလဲ ငါ့ကိုသတ်ချင်နေတာမလား.......လန်ကျန့်....ငါမင်းကိုသတိရတယ်.....မင်းအခု ဘယ်လို ပုံမျိုးဖြစ်နေပြီလဲ....ငယ်ငယ်ကလို ပါးဖောင်းဖောင်းလေးပဲလား....."

ရှောင်းကျန့် လန်ကျန့်ရဲ့ ခြင်္သေ့ရုပ်လေးကို ကိုင်ပြီး လန်ကျန့်အမှတ်နှင့် တတွတ်တွတ်ပြောနေတုန်း အဆောင်နားမှာ ငုတ်တုတ်ထိုင်နေသည့် လူတစ်ယောက်ကို တွေ့တော့ ရှောင်းကျန့် ထွက်ကြည့်လိုက်သည်။

"ဟင်.....ရိပေါ်....ဘာလို့လဲ ခေါင်းကိုက်လို့လား....ရရဲ့လားရိပေါ်"

ခေါင်းကို အုပ်ကိုင်ပြီးနာကျင်စွာ ညည်းညူနေသူကို ရှောင်းကျန့် သေချာကြည့်လိုက်တော့ ရိပေါ်ဖြစ်နေသည်။ ရိပေါ်က ဒီထဲကို ဘယ်လိုလုပ်ရောက်လာပါလိမ့်။

"ရှောင်းကျန့်"

ခေါင်းထဲက တဆစ်ဆစ်နဲ့ ထိုးကိုက်လာတဲ့ ဝေဒနာ ပျောက်သွားကာမှ ရိပေါ် ရှောင်းကျန့်ကို သတိထားမိတော့သည်။

"မင်းဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

အမှန်က ရိပေါ်ကိုယ်တိုင် ဒီအဆောင်ထဲကို ဘယ်လို ရောက်လာမှန်းမသိ။ သူ့ခြေလှမ်းတွေက အကျင့်ပါနေသလို၊ သူဒီနေရာနှင့် ရင်းနှီးနေသလို၊ သူကိုယ်တိုင်တောင်သတိမထားမိဘဲ ရောက်လာခြင်းဖြစ်သည်။ အထဲကိုရောက်တော့ သူငယ်ငယ်က ဒီထဲမှာ ပြေးလွှားခဲ့ဖူးတဲ့ ပုံရိပ်တွေ မြင်ယောင်လာပြီး ခေါင်းကတဆစ်ဆစ်ထိုးကိုက်လာတာကြောင့် ထိုင်ချမိလိုက်ခြင်းပင်။

Innocent Felon (Completed)Onde histórias criam vida. Descubra agora