Part (39)

3.9K 521 3
                                    

Unicode

ရှောင်းကျန့် သတိရလာတော့ ဘေးဘီကို ကြည့်လိုက်မိသည်။ သူ့အဆောင်ကို ပြန်ရောက်နေတာပဲ.....အဲ့တာဆို ရိပေါ်ရော......

"ယွီ......အ"

လည်ပင်းက ဒဏ်ရာကြောင့် ရှောင်းကျန့် စကားပင် ကောင်းကောင်းမပြောနိုင်။ သူ့အသံကြားတော့ ယွီပင်းကအနားကို ပြေးလာသည်။

"အရှင့်သား....သက်သာပါရဲ့လား ကျွန်တော်မျိုးသမားတော်ခေါ်"

"ရိပေါ်.....ရော"

"ရိပေါ် အပြင်မှာ ရှိပါတယ်"

ထိုအခါမှ ရှောင်းကျန့် ခေါင်းညိတ်ပြကာ အနားက စာရွက်နှင့် စုတ်တံကို ယူခဲ့ဖို့ ယွီပင်းကို လက်ဟန်ခြေဟန်နှင့်ပြောလိုက်သည်။

"ယွီပင်း အဲ့ဒီနေ့ကအကြောင်း ဘယ်သူ့ကိုမှမပြောပါနဲ့နော်....ကျန်းချန်ကိုလဲ မပြောပါနဲ့...သူသိရင် ရိပေါ်ကို တစ်ခုခုလုပ်လိမ့်မယ်....။"

ကျန်းချန်ကို ပြောပြီးသွားပြီဖြစ်ကြောင်း ရှောင်းကျန့်ကို ပြောမနေတော့ပါဘူးလေ။ အမှန်က သူတို့လဲ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေရတာပါ။

"စိတ်ချပါ အရှင့်သား"

"ရိပေါ်....သူ...အပြင်မှာ ဘာလုပ်နေတာလဲ"

"မတ်တပ်ရပ်နေတာပါ အရှင့်သား"

"ဘာလို့ရပ်နေတာလဲဟင်"

"ကိုယ်ရံတော်တွေက ဒီလိုပဲ မတ်တပ်ရပ်ပြီးစောင့်နေရတာလေ အရှင့်သားရယ်"

ယွီပင်းစိတ်ကသိပ်မရှည်ချင်တော့။ ဟိုကဖြင့် သူ့ကို သတ်ဖို့ကြံနေတာကို သူကတစ်ပြန်ကြီး စိတ်ပူပေးနေပြန်သည်။ရှောင်းကျန့်အဖြစ်က ကြောက်လဲကြောက်တယ် တွေ့လဲတွေ့ချင်တယ် ဆိုသလိုဖြစ်နေရှာသည်။

"အရှင့်သား သမားတော်က နိုးလာရင် ဆေးသောက်ဖို့ မှာခဲ့ပါတယ်"

"အင်း"

ယွီပင်း ရှောင်းကျန့်ကို ဆေးတိုက်ပြီးတော့ အပြင်ထွက်လာလိုက်သည်။

"ရိပေါ်"

"မင်းသိပြီးသားလား"

"ဘာကို"

"သူက အိမ်ရှေ့စံဆိုတာ မင်းသိနေပြီးသားလား"

"ရိပေါ် ငါတို့စကားသွားပြောရအောင်"

Innocent Felon (Completed)Where stories live. Discover now