Part (26)

4.4K 525 17
                                    

Unicode

"ဝမ်ရိပေါ်!!.....မင်းရူးနေပြီလား"

"ချွတ်....ဒီဟိုပေါ်ဒီပေါ် အဝတ်အစားတွေ ခုချက်ချင်းချွတ်"

"ဖယ်"

"မင်းမျက်နှာမှာ လိမ်းထားတဲ့ ဟာတွေလဲဖျက်....ဘယ်သူ့ကို မြှူစွယ်ဖို့ ဒီလောက် နီရဲနေအောင် ဆိုးထားတာလဲ"

ရိပေါ်က ရှောင်းကျန့်မျက်နှာကို ချုပ်ထားပြီး ရေနှင့်ဆေးချနေသည်။ ရှောင်းကျန့်က မျက်လုံးစုံမှိတ်ပြီး ရုန်းနေဆဲ။

"ဖူး........နာတယ် ဝမ်ရိပေါ်ရဲ့"

ရှောင်းကျန့် အော်သံကြားမှ ရိပေါ် သတိပြန်ဝင်လာသည်။ ဖြူနုတဲ့ မျက်နှာလေးက သူခပ်ကြမ်းကြမ်းပွတ်ထားမိတော့ ရဲနေရှာသည်။ ရေစိုနေသည့် ယုန်ပေါက်က သူ့ကို ဒေါသတကြီးစိုက်ကြည့်နေပုံလေးမှာ အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ရိပေါ် စိတ်တွေအမှောင်ဖုံးလာသည်။

"ရှောင်းကျန့်....ငါ့ကို ခွင့်လွှတ်ပါ"

"ဘာကို......အု"

တစ်ယောက်ထဲ အလုအယက်တွေနမ်းနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် မျက်လုံးပြူးလေးနှင့် ကြောင်အနေဆဲ။ အသက်ရှူမဝသလို ဖြစ်လာတော့ ရိပေါ် ရင်ဘတ်ကို တွန်းထုတ်လိုက်သည်။

"အစ်ကို..အစ်ကိုရွှယ်ယမ် ရောက်လာလိမ့်မယ်"

"အစ်ကိုဒီညပြန်လာမှာမဟုတ်ဘူး"

"ဘာလို့လဲ"

ရိပေါ်က အတင်းလိုက်နမ်းနေဆဲ။ ရှောင်းကျန့်က ရိပေါ်မျက်နှာကိုတွန်းထုတ်နေသည်။

"ကျစ်.....သူ့ချစ်သူဆီသွားမလို့ပေါ့ကွာ"

"သူ့ချစ်သူကဘယ်သူလဲ"

ဒီနေ့မှ အမေးအမြန်းထူနေသည့် ယုန်ပေါက်ကို ရိပေါ် စိတ်မရှည်ချင်တော့။

"အစ်ကိုရှောင်ရှင်းချန်ပေါ့....သူတို့က ငါတို့လိုချစ်သူတွေ.....သိပြီလား...ဟွန်း....ဘာသိချင်သေးလဲ"

"သူတို့က တကယ်ချစ်သူတွေလား....ငါက သူငယ်ချင်းတွေလို့ထင်နေတာ"

ရှောင်းကျန့်က သူ့ဘာသာ တတွတ်တွတ်ပြောနေတုန်း

"အ...ဟင်း......မင်းဘာလုပ်နေတာလဲ"

Innocent Felon (Completed)Where stories live. Discover now