Part (31)

4.7K 496 15
                                    

Unicode

"တစ်ကောင် နှစ်ကောင်.....ကိုးကောင် ဆယ်ကောင်....ဝါး....ခင်ဗျားကတော်လိုက်တာ"

"ကျွန်တော်ကင်ပေးရမလား သခင်လေး"

"အဲ့တာဆို ပိုကောင်းတာပေါ့...ဟီး....."

"ကျွန်တော်က ဝမ်ဦးလေးရဲ့ တပည့်ပါ။ ဒီက အလုပ်သမားခေါင်းဆောင်ပေါ့။ဟွမ်ကျင်းယွီလို့ခေါ်ပါတယ်။ ရိပေါ်ကို ကျွန်တော်ငယ်ငယ်လေးထဲက ထိန်းလာတာလေ"

"အစ်ကိုယွီ ဒီနေ့အလုပ်မရှိဘူးလား"

"ပြီးသွားပြီလေ ဘာလို့လဲ"

"အဲ့တာဆိုလဲ အနားသွားယူတော့လေ အစ်ကို"

"ဘာလို့ အစ်ကို့ကို နှင်ထုတ်နေတာလဲ ရိပေါ်ရဲ့ အစ်ကိုက ငါးကင်ပေးမလို့ကို"

"ရိပေါ် မင်းတစ်ကိုယ်လုံးစိုရွှဲနေတာပဲ အဝတ်တွေသွားလဲလိုက်ဦး"

"ရတယ် ကိစ္စမရှိဘူး"

ယုန်ပေါက်ကို အစ်ကိုနဲ့ နှစ်ယောက်ထဲထားခဲ့စရာလား....ဝွန်း။

ရိပေါ်က ပေတေပြီး သူတို့ငါးကင်နေသည့်နားမှာ တမင်လိုက်ရှုပ်နေလိုက်သည်။ အစ်ကိုကတော့ တကျက်ကျက်ရန်ဖြစ်နေသည့် သူတို့နှစ်ယောက်ကို ကြည့်ကာရယ်နေသည်။ ဒီကောင်လေး သူ့သူငယ်ချင်းကို တော်တော်အူတိုပါလား။

"စားလို့ရပြီလား အစ်ကို"

ရှောင်းကျန့်က မီးကင်နေတုန်းတန်းလန်း ငါးကင်ကို လက်ညှိုးထိုးပြီးမေးသည်။ သူ့ကြည့်ရတာ မစောင့်နိုင်တော့ပုံပဲ။

"ရပြီ ပူသေးတယ်နော် ဂရုစိုက်"

ရှောင်းကျန့်က အငွေ့တထောင်းထောင်းထနေသည့် ငါးကင်ကို တဖူးဖူးနှင့် ပါးလေးဖောင်းကာ မှုတ်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

"အင်း...ကောင်းလိုက်တာ..."

တမြုံ့မြုံ့နှင့် ဝါးနေသည့် ရှောင်းကျန့်ကိုရော သူ့ယုန်ပေါက်ကို မေးထောက်ကာငေးနေသည့် ရိပေါ်ကိုပါ ကျင်းယွီက ချစ်စနိုးကြည့်နေလိုက်သည်။

"ဖူးဖူး.....ရော့....မင်းလဲစား"

ရှောင်းကျန့်က သူမကိုက်ထားသည့် နေရာက အသားကို ဖဲ့ပြီး ရိပေါ်ကို ကျွေးလိုက်သည်။

Innocent Felon (Completed)Where stories live. Discover now