Part (16)

4.9K 602 25
                                    

Unicode

"ရှောင်းကျန့် မင်းအတွက်"

ထမင်းစားခန်းထဲရောက်တော့ ရိပေါ်က သူ့အတွက်ပါ ယူပေးထားရင်း စောင့်နေသည်။

"ကျေးဇူးပဲ"

"ငါတို့ကြားမှာ ကျေးဇူးတင်ဖို့မလိုဘူးလေ"

ရှောင်းကျန့်က ပြုံးသွားသည်။ ရိပေါ်ကလဲ ပြုံးစိစိနှင့်။

"ရော့ အသားများများစား အားရှိအောင်လို့...."

"အင်း"

"ဓားကိုင်ရတာ လက်တွေနာနေမှာပေါ့နော် ငါခွံ့ကျွေးရမလား"

"မလိုဘူး"

"ရေသောက်မလား ရှောင်းကျန့်"

"အင်း"

သူတို့ရှေ့က ကဲကဲလှုပ်နေသည့် ရိပေါ်ကို ယွီပင်းတို့တစ်သိုက်တော်တော်မျက်စိနောက်နေသည်။

"ဝမ်ရိပေါ် မင်းဘာဖြစ်နေတာလဲ ​ငြိမ်ငြိမ်နေပါဟ ရှောင်းကျန့်က မီးနေသည်မဟုတ်ဘူး"

"ငါ့ဘာသာ ငါ့သူငယ်ချင်းကို ဂရုစိုက်တာ မနာလိုဖြစ်မနေနဲ့"

"အေးပါကွာ"

"ရှောင်းကျန့် ထမင်းစားပြီးရင် ငါနဲ့တစ်နေရာ လိုက်ခဲ့"

"ဘယ်ကိုလဲ"

"ရောက်ရင်သိမှာပေါ့"

ရှောင်းကျန့်လက်ကိုဆွဲကာ ရိပေါ်က တောလမ်းအတိုင်းခေါ်သွားသည်။သူက လန်ကျန့်မဟုတ်ပေမဲ့ ဒီလူသားရဲ့ လက်ကို ရှောင်းကျန့် အားကိုးတကြီးဆုပ်ကိုင်ထားချင်တယ်။  သစ်ပင်ကြီးတစ်ပင်နားရောက်တော့

"လာ အပင်ပေါ်တက်လာခဲ့"

ရိပေါ်က မျောက်တစ်ကောင်လို ကျွမ်းကျွမ်းကျင်ကျင် တက်သွားပေမဲ့ ရှောင်းကျန့်က မြေပြင်ပေါ်ကနေ ခေါင်းလေးမော့ရင်း ကြည့်နေသည်။

"မင်းမတက်တတ်ဘူးလား"

"အင်း"

ထိုအခါရိပေါ်က ရယ်လျက် အပင်ပေါ်ကနေဆင်းလာသည်။

"မင်းငယ်ငယ်က သစ်ပင်မတက်ဖူးဘူးလား"

"အင်း....ငါ့မားမားက မတက်ခိုင်းဘူး"

Innocent Felon (Completed)Donde viven las historias. Descúbrelo ahora