Part (29)

4.2K 508 23
                                    

Unicode

ဇယ်ဝူကျွင်းက ရွှယ်ယမ့်ကို ဒဏ်ရာတွေဆေးထည့်ပေးပြီး ပတ်တီးစည်းပေးထားလိုက်သည်။

"မင်းတို့ငါနဲ့ခဏစကားပြောရအောင်"

"ဟုတ်ကဲ့"

ရွှယ်ယမ့်ကုတင်ရဲ့ ခပ်လှမ်းလှမ်းကနေ ဇယ်ဝူကျွင်းက ရွှယ်ယမ်ကို တစ်ချက်လှမ်းကြည့်ကာ

"သူ့ကို ကျောင်းကနေ ထုတ်ပယ်ရလိမ့်မယ်"

"ဆရာ...အဲ့လိုမလုပ်ပါနဲ့....တခြားနည်းလမ်းရှိဦးမှာပါ။ အစ်ကိုက ဒီနှစ်ပြီးရင် ကျောင်းပြီးပြီပဲကို နဲနဲပဲ ထပ်စောင့်လိုက်လို့မရဘူးလား"

ဇယ်ဝူကျွင်းသူ့ကို တောင်းဆိုနေသည့် ရှောင်းကျန့်ကို နားမလည်သလို ကြည့်လိုက်သည်။ ရှောင်းကျန့်က ရွှယ်ယမ်ကို ဇာမဏီဂိုဏ်းကဆိုတာ သိပြီးတာတောင် တစ်ခန်းထဲနေချင်တုန်းလား။ ဘယ်လိုပဲ သူငယ်ချင်းတွေဖြစ်နေပါစေ သူ့ကို လုပ်ကြံမည့်သူမှန်းသိနေတာတောင် အပြစ်မပေးဘူးလား။ တကယ်ပဲ အိမ်ရှေ့စံက ဘာတွေတွေးနေတာလဲ။

"မရဘူးရှောင်းကျန့် ဒီကိစ္စကို နန်းတော်က သိသွားရင် ဘယ်လိုလုပ်မလဲ။ သူတစ်ယောက်ထဲ အတွက်နဲ့ တစ်ကျောင်းလုံးကို အန္တရာယ်တောထဲ တွန်းပို့မလို့လား"

"အဲ့လိုမဟုတ်ပါဘူး ဆရာ"

"ရှောင်းကျန့် ငါထင်တာ အစ်ကိုရွှယ်ယမ်လဲ သူ့အကြောင်းငါတို့သိသွားပြီဆိုတော့ ဒီကျောင်းမှာ ဆက်နေချင်မှာ မဟုတ်တော့ဘူး"

"အင်း....အဲ့တာဆို သူနိုးလာမှပဲ ဆက်ပြောကြတာပေါ့"

"မင်းတို့ သူ့ကို အပြင်မထွက်စေနဲ့ သေချာစောင့်ကြည့်ထား။ ငါသူ့ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ စဥ်းစားဦးမယ်....ရိပေါ်....မင်းခဏလာဦး"

"ဟုတ်ကဲ့"

ဇယ်ဝူကျွင်းက ရိပေါ်အနားကပ်ကာ

"မင်း....ရွှယ်ယမ်နဲ့ ရှောင်းကျန့်ကို နှစ်ယောက်ထဲမထားနဲ့"

"ဟုတ်ကဲ့ပါအစ်ကို"

ဇယ်ဝူကျွင်းပြန်သွားပြီး ခဏနေ အခန်းတံခါးခေါက်သံကြောင့် သွားဖွင့်ကြည့်တော့ ရှောင်ရှင်းချန် ဖြစ်နေသည်။

Innocent Felon (Completed)Where stories live. Discover now