Part (36)

3.8K 482 9
                                    

Unicode

"အရှင့်သား မြန်မြန်ထွက်ကြည့်ပါ"

"ဘာလို့လဲကျန်းချန်"

"မနေ့က အမတ်ရန်ရဲ့ အိမ်ကို ဖောက်ဝင်တဲ့သူ ဖမ်းမိထားတယ်တဲ့။ သူက....သူက"

ကျန်းချန်စကားကြောင့် ရှောင်းကျန့်ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။

"အစ်ကိုရွှယ်ယမ်လား"

"အရှင့်သား သိပြီးသားလား"

"အင်း....မြန်မြန်သွားကြည့်ရအောင်"

ရှောင်းကျန့် အချုပ်ခန်းကို ထွက်လာခဲ့သည်။ မျက်နှာကို ပဝါစနှင့် အုပ်ဖို့တော့မမေ့။

"အရှင့်သား ဝင်လို့မရပါဘူး"

"မင်းက ငါ့ကိုတောင် တားရဲတယ်လား"

ထိုအစောင့်က ဒူးထောက်လိုက်ကာ

"စိုးရွံ့မိပါတယ် အရှင့်သား အရှင့်အမိန့်ကြောင့်ပါ"

"ကျစ်....."

ရှောင်းကျန့် မတတ်နိုင်ဘဲ ပြန်လှည့်ပြန်ခဲ့ရသည်။

"သူတို့ အစ်ကို့ကို သတ်မှာလားမသိဘူး"

"မနက်ဖြန်နေထွက်တာနဲ့ ခေါင်းဖြတ်အသတ်ခံရမှာပါ"

"ကျန်းချန်ငါတို့ သူ့ကို ကယ်ထုတ်ရအောင်"

"အရှင့်သား"
_______________________
"အရှင်မင်းကြီး မနေ့က နှစ်ယောက်လာတာပါ။ တစ်ယောက်က ထွက်ပြေးသွားတယ် ကျွန်တော်ပေါ့ဆမိလို့ပါ"

"ကျန်တဲ့တစ်ယောက်ကိုပါ ရအောင်လိုက်ရှာ"

"အမိန့်အတိုင်းပါ အရှင်"

ထိုအကြောင်းကို ရွှယ်ယမ်ကိုကယ်ထုတ်ဖို့ ကြံနေသည့် အရှင့်သားက မသိနိုင်ခဲ့ပါ။
________________________
ရိပေါ် သတိရလာတော့ သူ့ကို စိုးရိမ်တကြီးကြည့်နေသည့် ဆရာ့ကို တွေ့လိုက်ရသည်။

"ဆရာ...ကျွန်တော်....ဟင်...ကျွန်တော်အိမ်မှာ မဟုတ်ဘူးလား"

ရိပေါ် သူမှတ်မိသလောက်တော့ ထိုညက အိမ်ရောက်အောင်ပြန်လာခဲ့ပြီး ပါးလက်ထဲမှာ သတိလစ်သွားခဲ့တာပါ။ အခုဘာလို့ ဆရာ့အိမ်ရောက်နေပါလိမ့်။

"ပါးရော....ဆရာ ကျွန်တော့်ပါး"

"ရိပေါ်"

ဆရာက မျက်နှာမကောင်း။

Innocent Felon (Completed)Where stories live. Discover now