Part (59)

4.8K 553 23
                                    

Unicode

"ယွီပင်း....ယွီပင်း"

"ကြင်ယာတော်ဝေ့....ကိုယ်ရံတော်အဆောင်ကိုဘာလို့လာတာလဲ"

"မင်းကိုလာရှာတာလေ မင်းမှ ငါ့အဆောင်ကိုမလာတာ"

"မသင့်တော်လို့ပါ ကြင်ယာတော်ရယ်"

"ဘာကိုမသင့်တော်ရမှာလဲ"

"ကြင်ယာတော်က အရှင့်ရဲ့ ဟိုလို....အဟမ်း....ကြင်ယာတော်ဆိုတော့....ဟိုဟာမလား"

"မင်းဘာတွေပြောနေတာလဲ"

"တခြားမှာ စကားသွားပြောရအောင် ကြင်ယာတော်"

ယွီပင်း ဝေ့ရင်းကို လူရှင်းသည့်တစ်နေရာသို့ ခေါ်လာလိုက်သည်။

"ရပြီ ဘာပြောမလို့လဲ ကြင်ယာတော်"

"ငါ့ကို ရှောင်းကျန့်လို့ပဲ ခေါ်ပါ"

"မသင့်တော်"

"လာပြန်ပြီ မသင့်တော်တာ ယွီပင်းငါစိတ်တိုလာပြီနော်"

"ကြင်ယာတော်က ယောကျ်ားလေးပေမဲ့ အရှင့်ရဲ့ ဇနီးမယား၊ အဲ...ဘယ်လိုပြောရမလဲ အရှင့််ရဲ့ အိမ်ထောက်ဖက်လေ...အဲ့တာကြောင့် ကျွန်တော်လက်လွတ်စပယ်မပြောရဲဘူး။"

"ရပါတယ် ငါ့ကိုလက်လွတ်စပယ်ပြောလို့ ဘယ်သူကမှ မင်းကို အပြစ်မပေးဘူး။ ဒီနန်းတော်မှာ ငါက အပယ်ခံအပြစ်သားပဲဟာ"

"ဟင်း.....ပြီးရော ငါမင်းအဆောင်ကို မလာတာက စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိတယ်.....မဟုတ်မမှန်တဲ့ သတင်းတွေထွက်သွားရင် မင်းအတွက်မကောင်းဘူး"

"အေးပါငါသိပါပြီ....အဲ့တာထားဦး ငါမင်းကို ရှာတာမေးစရာရှိလို့"

"မေးလေ"

"ချင်နိုင်ငံနဲ့ ဘာကိစ္စရှိလို့လဲ"

"ဟင်.....ဟို...အဲ့တာက"

"ပြောပြပါ ငါဘယ်သူ့မှ ပြန်မပြောပါဘူး နှုတ်လုံပါတယ်"

"အေးပါ....အရှင်က ချင်နိုင်ငံနဲ့ ဟန်နိုင်ငံကို မဟာမိတ်ဖွဲ့ဖို့ကြိုးစားနေတာ"

"ဟုတ်လား....သူတို့က ချန်နိုင်ငံနဲ့ ဆက်ဆံရေး အဆင်မပြေဘူးနော်"

"အေးအဲ့တာကြောင့် ချန်နိုင်ငံကို တိုက်ဖို့ သူတို့ အကူအညီလိုတယ်။အရှင်က ချန်ရီလင်းကို အရမ်းမုန်းနေတာ။ သူက အရမ်းမောက်မာလွန်းတယ်။ တလောက ချန်ရီလင်း နန်းတက်တက်ချင်း ငါတို့နိုင်ငံကို သံတမန်လှမ်းပို့ပြီး တောင်းလို့ အရှင်တောင် အရမ်းစိတ်ဆိုးသွား.....အိ"

Innocent Felon (Completed)Where stories live. Discover now