Part (13)

4.8K 561 16
                                    

Unicode

ညစာစားချိန်ရောက်တဲ့အထိ ရှောင်းကျန့် ရိပေါ်ကို မတွေ့သေး။

"ကျန်းချန် မင်းရိပေါ်ကို တွေ့မိသေးလား"

"မတွေ့ဘူးရှောင်းကျန့်"

"အစ်ကိုရှောင်း....အစ်ကိုရှောင်း"

ဟွိုင်စန်းက ရှောင်းကျန့်နာမည်ကို အော်ခေါ်ပြီး မောကြီးပန်းကြီးပြေးလာသည်။

"ဘာဖြစ်လို့လဲ ဟွိုင်စန်း"

"အစ်ကိုရိပေါ်....အစ်ကိုရိပေါ်....."

"ရိပေါ် ဘာဖြစ်လို့လဲ"

"အစ်ကိုရိပေါ် ရန်ဖြစ်လို့တဲ့ ဝမ်ချောင်တို့အဖွဲ့နဲ့ အခု စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ ကြိမ်ဒဏ်အချက်သုံးဆယ် ခံနေရတယ်"

"ဟုတ်လား"

ရှောင်းကျန့် စိုးရိမ်စိတ်ကထိတ်ကနဲ။ ကိုယ့်အခန်းဖော်မို့စိုးရိမ်တာပါ။ တခြားကြောင့်မဟုတ်ပါဘူး။

ထပြေးသွားတဲ့ ရှောင်းကျန့်နောက်ကို ဟွိုင်စန်းခမျာ အမောတောင်မဖြေရသေးဘဲ ပြေးလိုက်ရပြန်သည်။

"ရိပေါ်"

အပြစ်ပေးခန်းမထဲက ရိပေါ်က မျက်နှာကြီးရှုံ့မဲ့ပြီးပြန်ထွက်လာသည်။ ဝမ်ချောင်တို့အဖွဲ့ကတော့ မျက်နှာတစ်ပြင်လုံးရစရာမရှိ။

"ရှောင်းကျန့်....မင်းနေကောင်းသွားပြီလား"

"အင်း....မင်းကဘာလို့ရန်ဖြစ်ရတာလဲ"

"ပျော်လို့လေ"

"အဟက်...မင်းလင်က မင်းကိုထိလို့တဲ့ ငါတို့ကို ပြဿနာလာရှာတာလေ"

"ဝမ်ချောင်!! မင်းမမှတ်သေးဘူးလား"

"တော်ပါတော့ အစ်ကိုဝမ်ချောင် သွားရအောင်ပါ"

ဝမ်ချောင်က မမှတ်သေးပေမဲ့ ဝမ်ချောင့်နောက်လိုက်တွေက မှတ်သွားပုံရသည်။ ဝမ်ချောင့်ကို အတင်းဆွဲခေါ်သွားကြသည်။

"ဝမ်ရိပေါ်....အခုလိုရန်ဖြစ်တော့ မင်းဘာကောင်းတာရလဲ အပြစ်ပဲအပေးခံရတာကို"

ရှောင်းကျန့်က ရိပေါ်ကျောကို ဖြန်းကနဲရိုက်ပြီး ဆူလိုက်သည်။

Innocent Felon (Completed)Where stories live. Discover now