Part (10)

5.6K 616 1
                                    

Unicode

ကျောင်းသားအားလုံး လေ့ကျင့်ရေးကွင်းထဲတွင် စုဝေးနေကြသည်။

"မင်းတို့ရဲ့ အရည်အချင်းစစ်စာမေးပွဲတွေကနေ ငါတို့ အဆင့်တွေသတ်မှတ်ပြီးပြီ အခုသတ်မှတ်ထားတဲ့ အဆင့်အလိုက် အဖွဲ့တွေခွဲပေးမယ်။"

ရှောင်းကျန့် ရိပေါ်ရှိရာကို တစ်ချက်လှမ်းကြည့်တော့ ရိပေါ်က သူ့ကို ပြုံးပြနေသည်။

"အမှတ်အများဆုံးရတဲ့ အဖွဲ့က ဝမ်ရိပေါ်၊ ကျန်းချန်၊ ကျင်းဇီရွှမ်း၊ ယွီပင်း....ဒုတိယအဖွဲ့က......................"

တစ်ဖွဲ့ပြီး တစ်ဖွဲ့ကြေညာပြီးသွားတဲ့အထိ ရှောင်းကျန့်အလှည့်ရောက်မလာသေး။

"အမှတ်အနည်းဆုံးအဖွဲ့က နျဲ့ဟွိုင်စန်း၊ မုန့်ယောင်၊ ရှောင်းကျန့်"

"ကျွန်တော်တို့နှစ်ယောက်က တစ်ဖွဲ့ထဲပဲ အစ်ကိုရှောင်း"

"အင်း"

"အားလုံးကိုယ့်အဖွဲ့နဲ့ကိုယ် လေ့ကျင့်ပေးမဲ့ဆရာတွေရှိတယ်။ အခုကစပြီး လေ့ကျင့်လို့ရပြီ။ ဆရာတွေက သေချာ သင်ကြားပေးနေတဲ့အချိန်မှာ ရေသာမခိုရဘူး။ အကြောင်းအရင်းမခိုင်လုံပဲ အတန်းမပျက်ရဘူး။ လေ့ကျင့်ချိန်နောက်ကျရင် အပြစ်ပေးခံရမယ်။ မေးစရာရှိသေးလား!"

"မရှိတော့ပါဘူး!!"

ရှောင်းကျန့်တို့ကို သင်မည့်စရာ ရောက်လာတော့ ထိုဆရာနောက်ကို လိုက်သွားရသည်။

"ငါ့နာမည်က ချန်ဖေး မင်းတို့ကို သင်ပေးမဲ့ဆရာ။ အရည်အချင်းစစ်စာမေးပွဲတုန်းက မင်းတို့ရဲ့ လက်ရည်ကို ငါတွေ့ပြီးပြီ။ ဒီလောက်ညံ့တာငါ မမြင်ဖူးဘူး။မင်းတို့လို ချမ်းသာတဲ့ သခင်လေးတွေက ဓားကိုင်မဲ့အစား အိမ်တွင်းခန်းထဲမှာပဲ သက်သောင့်သက်သာ နေပါတော့လား....."

"သင်စရာရှိတာ သင်ပေးပါတော့ဆရာ"

ရှောင်းကျန့်က စိတ်မရှည်သလို ဝင်ပြောတော့ ချန်ဖေးက ရှောင်းကျန့်ကို သေချာစိုက်ကြည့်ကာ

"သစ်ခွပန်းကောင်လေးပဲ"

"ခင်ဗျား!!"

"သစ်ခွပန်းလိုပဲ အဆင်းပဲရှိပြီး အချင်းမရှိဘူး။ မင်းလက်တွေကို ကြည့်စမ်း ဒီလိုလက်တွေက ဓားကိုင်နိုင်မတဲ့လား။ ကောင်လေး...မင်းအထုပ်သိမ်းပြီးအိမ်ပဲပြန်လိုက်ပါ​တော့ နောက်မှ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေလိမ့်မယ်"

Innocent Felon (Completed)Where stories live. Discover now