Part (97)

4.6K 427 9
                                    

Unicode

မင်းသားငယ်လေးနှစ်ယောက်ကို ဝေ့ရင်းနှင့် လန်ကျန့် တိုင်ပင်ကာ နာမည်ပေးထားပြီးဖြစ်သည်။ အကြီးလေးက အငယ်လေးထက် ငြိမ်ပြီးအေးအေးဆေးဆေးနေတတ်ကာ ထက်မြတ်မည့်ပုံလေးမို့ လန်ရှောင်းမင်။ အငယ်လေးကိုတော့ လန်ရှောင်းရှင်းလို့မှည့်ပေးထားသည်။ ရှောင်း ဆိုသည်က ဆင်တူသည်လို့အဓိပ္ပါယ်ရတာမို့ အမွှာလေးနှစ်ယောက်လုံးကို ရှောင်းစကားလုံးပါအောင်မှည့်ထားပြီး အကြီးလေးအတွက် တောက်ပခြင်း၊ ထက်မြက်ခြင်း ဆိုသည့် "မင်"၊ အငယ်လေးအတွက် အောင်မြင်ခြင်းဆိုသည့် "ရှင်း" အဓိပ္ပါယ်နှင့် နာမည်လှလှလေးများကို နှစ်ယောက်သား အချိန်ပေးပြီး သေချာရွေးချယ်ခဲ့ကြခြင်းပင်။

"လန်ကျန့်....အားမင်လေးက ငါ့လိုပဲ နှုတ်ခမ်းအောက်မှာ မှဲ့လေးက ထင်းနေရော"

ဝေ့ရင်းက လန်ကျန့်လက်ထဲမှာ ငြိမ်နေသည့် လန်ရှောင်းမင်လေးကို သေချာကြည့်ရင်း ပြုံးပြုံးလေးပြောလိုက်သည်။

"အင်း....အားမင်က ဝေ့ရင်းနဲ့တူတယ်...အားရှင်းက ကိုယ်နဲ့တူတယ်...ဒါပေမဲ့ အကျင့်စရိုက်ကကျ အားရှင်းက မင်းနဲ့တူပြီး အားမင်က ကိုယ်နဲ့တူတာ"

"ဟားဟား....ဟုတ်တယ် အားရှင်းက အဆိုးလေး......"

"အဲ့.....အဲ...."

"လန်ကျန့်ရေ....အားရှင်းက သူ့ကိုဆိုးတယ်ပြောလို့ ရန်တွေ့နေတာထင်တယ်"

"အိပ်ချိန်ရောက်ပြီလေ အငယ်လေး အိပ်တော့နော်...ပါးပါးသားကိုချီထားရတာ ညောင်းနေမှာပေါ့...ဒီမှာ ကိုကို​တောင်အိပ်ပျော်သွားပြီ"

လန်ကျန့် သူ့လက်ထဲမှာ အိပ်ပျော်နေသည့် အားမင်လေးကို အားရှင်းလေးအနားတိုးကာပြတော့ အငယ်လေးက သူ့အစ်ကိုအိပ်ပျော်နေတာကို မျက်လုံးပြူးလေးနှင့် လှမ်းကြည့်နေလေသည်။ အားရှင်းလေးက အင်းအဲ အသံပေးပြီးနောက် ခဏအကြာ သူလဲ အိပ်ပျော်သွားသည်။

"အိပ်ပျော်သွားပြီလား"

"အင်း"

လန်ကျန့်နှင့် ဝေ့ရင်း သားနှစ်ယောက်ကို ဖွဖွလေးနမ်းပြီးနောက် ပုခက်လေးနှစ်ခုထဲကို ဖြည်းဖြည်းချင်းချသိပ်လိုက်သည်။

Innocent Felon (Completed)Where stories live. Discover now