Part (41)

4.2K 537 14
                                    

Unicode

ဝေ့မင်းကြီးက ချန်နိုင်ငံ အိမ်ရှေ့စံအတွက် အမဲလိုက်ပွဲကျင်းပပေးမည်တဲ့။သူက ဒီတစ်ခေါက်တော့ လန်နိုင်ငံမှာ ဘယ်လောက်များကြာအောင် နေမလို့လဲ မသိ။

"အရှင့်သား သွားလို့ရပါပြီ"

"အင်း"

ရှောင်းကျန့် ပေါ့ပါးသည့် အဝတ်အစားလဲလှယ်လိုက်ကာ အမဲလိုက်မည့်နေရာသို့သွားလိုက်သည်။ တိရစ္ဆာန်လေးတွေကို ချစ်တတ်သည့် ရှောင်းကျန့်က အမဲလိုက်ပြီး အပန်းဖြေတာမျိုးကို သဘောမကျ။ ခမည်းတော်ကတော့ ဒီပွဲမှာ လုပ်ကြံသူတွေရှိနေမှာစိုးလို့ ရှောင်းကျန့် အနား လုံခြုံရေးတွေ တင်းကြပ်ထားသည်။ လုပ်ကြံသူတစ်ယောက်လုံးအနားမှာ ခေါ်ထားသည့် ရှောင်းကျန့်က စိုးရိမ်စိတ်ကိုမရှိ။

"အရှင့်သား အန္တရာယ်ကြုံလာခဲ့ရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါ။ ဒါမှမဟုတ် ကျွန်တော့်အနားမှာ နေပါလား"

ချန်ရီလင်းက ရှောင်းကျန့် အနားကပ်ပြီး ခပ်တိုးတိုးပြောတော့ ရှောင်းကျန့် ယွီပင်း၊ ရိပေါ်နှင့် ကျန်းချန်တို့အနားသွားလိုက်ကာ

"အိမ်ရှေ့စံမစိုးရိမ်ပါနဲ့ ကျွန်တော့်ကို ကျွန်တော့်ကိုယ်ရံတော်တွေကာကွယ်ပေးပါလိမ့်မယ်"

ရှောင်းကျန့်ရှေ့က ပိတ်ရပ်လိုက်တဲ့ ကိုယ်ရံတော်သုံးယောက်ကြောင့် ချန်ရီလင်း မကျေမနပ်ဖြစ်ပြီး ပြန်လှည့်သွားသည်။

"ဟွန့်....နှာဘူးကောင်ကြီး....."

ရှောင်းကျန့်က ယွီပင်းတို့သုံးယောက်ကို အကာအကွယ်ယူပြီး သူများမကြားအောင် နှုတ်ခမ်းတထော်ထော်နှင့် ရန်တွေ့နေသည်။

အမဲလိုက်ပွဲစတော့ အမတ်တွေနဲ့ ချန်ရီလင်းအပြိုင်အဆိုင်အမဲလိုက်နေကြပေမဲ့ ရှောင်းကျန့်က မြင်းပေါ်မှ ဆင်းကာ ယုန်လေးတွေနှင့် ဆော့နေလိုက်သည်။

ထိုစဥ် ခပ်လှမ်းလှမ်းက တိုက်ခိုက်နေသည့်အသံတွေကြားလိုက်ရတာကြောင့် ကျန်းချန်သွားကြည့်လိုက်သည်။

"လုပ်ကြံသူ ရှိတယ်"

မျက်နှာဖုံးတပ်ထားသည့် လူတွေနှင့် ကိုယ်ရံတော်တပ်တွေ တိုက်ခိုက်နေကြရင်း ရှောင်းကျန့်ရှိရာကို မြှားတွေလွင့်ပျံလာသည်။

Innocent Felon (Completed)Where stories live. Discover now