Part (30)

4.4K 509 9
                                    

Unicode

ရှောင်းကျန့် နှင့် ရိပေါ် မြင်းကိုယ်စီနှင့် ထွက်လာခဲ့ကြသည်။ ရိပေါ်ရဲ့ အိမ်က ချီမြို့နှင့် သိပ်မဝေးတာကြောင့် နေ့တစ်ပိုင်းသာသွားရသည်။ တောလမ်းထဲက ဖြတ်လာတုန်းက အဆင်ပြေပေမဲ့ မြို့ထဲ လမ်းတွေရောက်တော့ တော်တော်လေးအဆင်မပြေတော့။ မြင်းပေါ်က ယုန်ပေါက်ကို တွေ့သမျှလူတိုင်းက မျက်စိအစာကျွေးနေကြသည်လေ။ ခပ်ကဲကဲ မိန်းမပျိုလေးတွေက စကားနှင့်လှမ်းနောက်ကြသည်ကိုပင် သူ့မှာ သဘောတွေကျပြီး တဟီဟီနှင့်။

"ရှောင်းကျန့်!"

"ဘာလဲကွာ"

"အောက်က မြင်းကို မင်းသွားကြီးနဲ့လဲ ခုတ်မိနေပါဦးမယ်...ရယ်မနေနဲ့"

"ဟွန့်....ငါ့ဘာသာရယ်ချင်လို့ရယ်တာဘာဖြစ်လဲ"

"မရယ်နဲ့ မျက်နှာရူးနဲ့တူတယ်"

"ငါ့ကိုများ....ဟွန်း.... မကောင်းတဲ့အကောင်"

မြင်းပေါ်ကနေ နှုတ်ခမ်းတထော်ထော်နှင့် သူ့ကို ခပ်တိုးတိုး ကျိန်ဆဲနေသည့် ရှောင်းကျန့်ကိုကြည့်ပြီး ကြိတ်ရယ်နေမိသည်။

"ရောက်ပြီ ဆင်းတော့"

ရိပေါ်က အတော်လေးကျယ်သည့် ခြံဝန်းနှင့် အိမ်တစ်အိမ်ရှေ့ရောက်တော့ ရှောင်းကျန့်ကို ဆင်းခိုင်းသည်။

"မင်းအိမ်က ကျယ်သားပဲနော်"

"အင်း....ဒီနားမှာ ငါတို့တစ်အိမ်ထဲရှိတာ အိမ်အနောက်ဘက်မှာက ဝမ်ပါးပါးရဲ့ လယ်ကွင်းတွေရှိတယ်"

"သစ်ပင်တွေလဲ အများကြီးပဲ တောအုပ်ငယ်လေးလိုပဲ"

"အင်း...ဟိုနားမှာ စမ်းချောင်းလေးလဲရှိတယ် ရေတံခွန်လဲရှိတယ် ငါအဲ့မှာ ရေချိုးနေကြလေ"

"ဟုတ်လား ကောင်းလိုက်တာ"

"ဘယ်လိုလဲ ဒီမှာ နေချင်သွားပြီလား"

"အင်း ငါငယ်ငယ်ထဲက ဒီလိုမျိုး လူတွေနဲ့ ဝေးပြီး တသီးတသန့်ဆန်တဲ့ နေရာလေးမှာ နေချင်တာ"

"အဲ့တာဆို ငါနဲ့ လက်ထပ်ပြီးရင် ဒီမှာပဲနေကြမယ်လေ"

ရှောင်းကျန့် ပြုံးစစနှင့် ပြောနေသည့် ရိပေါ်ကိုတွေတွေလေး ကြည့်လိုက်မိသည်။ 'ငါထီးနန်းကို စွန့်လွှတ်ပြီး မင်းနဲလာနေချင်အောင် မဆွဲဆောင်ပါနဲ့လား'

Innocent Felon (Completed)Where stories live. Discover now