Part (11)

5.1K 624 17
                                    

Unicode

"ပေး လက်ဖြန့်......"

"အ....စပ်တယ်"

"အခုကျစပ်တယ်ပေါ့လေ။ ခုနက ကျ အနာခံပြီး ပေတေနေတယ်။ မင်းမှာ ဦးနှောက်မရှိဘူးလား ကလေးမသာကောင်ရဲ့"

"ဝမ်ရိပေါ် မင်းကငါ့အဖေမဟုတ်ဘူး ငါ့ကို လာအော်မနေနဲ့ သူ​တောင်းစားရဲ့ ငါ့ဘာသာ နာနာသေသေ မင်းကိစ္စလား"

"ငါ့ကိစ္စပေါ့....မင်းထိခိုက် ဒဏ်ရာရတာငါမကြိုက်လို့ပေါ့ကွ"

"မင်းပြုစုပေးရမှာစိုးလို့မလား ငါကမင်းကို ပြုစုပေးပါလို့ပြောနေလို့လား"

"မင်းတော်တော် အ ပါလား ရှောင်းကျန့်ရဲ့"

"ဟုတ်တယ် ငါက တုံးတယ် အတယ် ဘာဖြစ်လဲ"

"မင်းကွာ.......ကျစ်......ငြိမ်ငြိမ်နေ ဆေးထည့်လို့မပြီးသေးဘူး"

ရှောင်းကျန့်က ရိပေါ်ရဲ့ မျက်နှာချောချောကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"လက်တော့ ထည့်ပြိီးပြိီ မျက်နှာကျန်သေးတယ်"

ရိပေါ်က ရှောင်းကျန့် မျက်နှာလေးကို ဆွဲယူကာ ပါးပေါ်က ဒဏ်ရာလေးကို ခပ်ဖွဖွတို့ရင်း ဆေးထည့်ပေးသည်။ စပ်မှာစိုးတာကြောင့် ပါးလေးဖောင်းရင်း တဖူးဖူးနှင့် မှုတ်ပေးနေရသည်။ နှစ်ယောက်သား မျက်နှာချင်းက နီးနီးကပ်ကပ်။ ရင်ခုန်သံက ဆူဆူညံညံ။ ရိပေါ်ဆေးထည့်နေရင်း သူ့ကို စိုက်ကြည့်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို မြင်တော့ သူလဲ ပြန်ကြည့်နေလိုက်သည်။ ထိုမျက်ဝန်းဝိုင်းလေးက သူ့အကြည့်ကို ရှောင်ဖယ်လိုက်ချိန်မှာ သိပ်လှတဲ့ နှုတ်ခမ်းပါးလေးနှင့် အောက်နားက မှဲ့လေးဆီ အကြည့်ရောက်သွားတော့ တံတွေးမျိုချမိသည်။

"မ....မပြီးသေးဘူးလား"

အသံတုန်တုန်လေးကို ကြားလိုက်ကာမှ ရိပေါ် သတိဝင်လာကာ နှစ်ယောက်သား အမြန်ခွာလိုက်ကြသည်။

"မင်း....ဟို....ငါ....မင်းကို မြှားပစ်သင်ပေးရမလား"

"မင်းအဆင်ပြေရင် သင်ပေးပါ"

"ငါက အဆင်ပြေပါတယ်....အင်း...သင်ပေးမယ်နော်....ညနေစမလား"

"အင်း"

Innocent Felon (Completed)Where stories live. Discover now