Part (22)

4.2K 532 7
                                    

Unicode

ရှောင်းကျန့် ဆရာချန်ဖေးပေးထားသည့် စာအုပ်ကို သွားလေရာယူသွားတတ်သည်။ ထမင်းစားချိန်လဲ စာအုပ်ကို ဘေးနားထားပြီးစားသလို မနက်ဆိုလဲ အစောကြီးထပြီး ကျောင်းအနောက်က တောင်ပေါ်မှာ သွားလေ့ကျင့်နေတတ်သည်။

"ထမင်းပြီးအောင်စားပါကွာ ပြီးမှ ဖတ်"

ဒါကို ကြည့်မရဖြစ်နေသည့် ရိပေါ်က စာအုပ်ကို ဆွဲယူကာ ရှောင်းကျန့်ရှေ့ထမင်း ပန်းကန် တွန်းပို့ပေးလိုက်သည်။

"ပြန်ပေးကွာ"

"မပေးဘူး ထမင်းအရင်စား စားပြီးရင်ပေးမယ်"

"ဟွန်း....."

ရှောင်းကျန့်က စောင့်ကြီးအောင့်ကြီးနှင့် ထမင်းငုံ့စားနေလိုက်သည်။

"ငါကျောင်းမှာနေရတာ မလုံခြုံသလိုခံစားရတယ်ကွ"

ဘေးဝိုင်းက ဝမ်ချောင်တို့အဖွဲ့ဆီမှ စကားသံကျယ်ကျယ်လောင်လောင်ထွက်လာသည်။

"ဘာလို့လဲ"

"ကျောင်းမှာ ယောကျ်ားချင်းကြိုက်တဲ့ကောင်ရှိတယ်ကွ။ တနေ့ကတောင် ဆရာချန်ဖေးအဆောင်ထဲက ထွက်လာတာမြင်လိုက်သေးတယ်။ ဆရာတွေကိုတောင် အလွတ်မပေးဘူး။ ကြောက်ဖို့ကောင်းချက်ပဲ.....။ သူ့အခန်းထဲက ကောင်တွေဆို သူ့ကို အရူးအမူးဖြစ်နေတာပဲ ကြည့်လေ"

"ဟုတ်ပဗျာ....အစ်ကိုပြောမှ ကျွန်တော်တောင် ကြက်သီးတွေထလာပြီ"

ရှောင်းကျန့် ဒေါသကြောင့် မျက်နှာလေးရဲလာပြီး စားပွဲကို အုန်းကနဲထုချလိုက်သည်။

"ဝမ်ချောင် မင်း ​ောက်ပါးစပ်ကို ပိတ်ထား"

ရိပေါ်က ဝမ်ချောင့်ရင်ဘတ်ကို တွန်းကာ ဒေါသတကြီးပြောလိုက်သည်။ ရှောင်းကျန့်က ရေခဲရိုက်မျက်နှာနှင့် ခပ်ဖြည်းဖြည်းချင်း ထိုင်နေရာမှ ထကာ

"ဘာလဲ မင်းက ငါ့နောက်က လိုက်ချောင်းနေတာလား။ ငါ့ဘာသာ ယောကျ်ားကြိုက်​ကြိုက် မိန်းမကြိုက်ကြိုက်မင်းကိစ္စမဟုတ်ဘူး။အဟက်...မင်းက မလုံခြုံသလို ခံစားရတယ်ပေါ့လေ....ငါယောကျာ်းချင်း​ကြိုက်ခဲ့ရင်တောင် မင်းလိုကောင်မျိုးအနားကိုမကပ်ဘူး စိတ်ချ....ရွံလွန်းလို့...."

Innocent Felon (Completed)Where stories live. Discover now