Part (7)

6.1K 688 5
                                    

Unicode

"ဝမ်ရိပေါ် ငါ့အပေါ်ကဖယ်"

သူ့အောက်မှ ယုန်ပေါက်လေးက သူ့မျက်နှာကို အတင်းတွန်းပြီး ဒေါသတကြီးအော်ကာမှ ရိပေါ်သတိရကာ ထထိုင်လိုက်သည်။

"တောင်းပန်တယ်နော် နာသွားသေးလား"

"ငါနဲ့ဝေးဝေးနေ"

"ဟွန့်....တစ်ခန်းထဲနေတဲ့ဟာကို ဝေးဝေးနေလို့ရမလား"

"ငါ့အနားမကပ်နဲ့ ဝမ်ရိပေါ်"

"မင်းကတော်တော်အပေါင်းအသင်းညံ့ဖျင်းတာပဲ ယုန်ဖြူလေးရဲ့"

ရှောင်းကျန့်သူ့ကို ယုန်ဖြူလေးလို့ ခေါ်လို့ ရိပေါ်ကို မျက်လုံးလေးဝိုင်းပြီးကြည့်လိုက်သည်။ သူ့ကို ငယ်ငယ်က လန်ကျန့်တစ်ယောက်သာ ယုန်ပေါက်လေးလို့ ခေါ်တတ်သည်။ အခုသူ့ကို ဝမ်ရိပေါ်က ယုန်ဖြူလေးလို့ ခေါ်လိုက်တာကို ဘာလို့ ရင်ခုန်သွားပါလိမ့်။

"မင်းကို အဲ့လိုခေါ်တာမကြိုက်ဘူးလား။ မင်းမကြိုက်ရင် မခေါ်တော့ပါဘူးရှောင်းကျန့်"

ရှောင်းကျန့်က ဘာမှမပြောဘဲ သူ့အထုပ်တွေဖြည်ကာ အဝတ်အစားတွေနေရာချနေသည်။

"မင်းကတော်တော်ပျင်းဖို့ကောင်းတာပဲ ရှောင်းကျန့်ရာ"

ညနေပိုင်း ပထမဆုံးစာသင်ချိန်ရောက်တော့ ကျောင်းဝတ်စုံအဖြူရောင်ကိုလဲကာ စာသင်ခန်းဆောင်သို့ သွားလိုက်ကြသည်။

"ရှောင်းကျန့် နေရတာ အဆင်ပြေရဲ့လား"

"အင်း"

ကျန်းချန်အမေးကို ရှောင်းကျန့်အပြုံးတုလေးနဲ့ပဲ ပြန်ဖြေလိုက်သည်။ ဒါကို တစ်ထောင့်တစ်နေရာကနေ လှမ်းကြည့်နေသူက မကျေမနပ်တွေဖြစ်နေရှာတယ်။

'ဟွန့် အဲ့မှာ ပြုံးပြနေလိုက်၊ သွားကြီးလဲ အအေးပတ်သွားဦးမယ်။ ငါ့ကျရင်တော့ မတူသလို မတန်သလိုနဲ့ ယုန်စုတ်လေး'

"ရှောင်းသခင်လေး"

ရှောင်းကျန့် သူ့ဘေးက ခေါ်သံကြားလို့ကြည့်လိုက်တော့ မနက်က သူ့ကို အခန်းသွားကြည့်ဖို့ သတိပေးသည့် ပါးချိုင့်လေးနဲ့ ကျောင်းသားဖြစ်နေသည်။

Innocent Felon (Completed)Where stories live. Discover now