Part (8)

5.7K 647 3
                                    

Unicode

ရိပေါ် အိပ်ရာနိုးလာတာနဲ့ ဟိုဘက်ကုတင်ကနေ သူ့ကို မျက်ထောင့်နီကြီးနှင့် ကြည့်နေသည့် ရှောင်းကျန့်ကို မြင်တော့ သွားဖြဲပြလိုက်သည်။ သူမနေ့က မူးမူးနဲ့ ရန်များသွားစမိလို့လား။

"ညက အိပ်လို့ကောင်းရဲ့လား ဟဲဟဲ"

"စိတ်မနှံ့တဲ့ကောင်"

"အိ"

မိုးလင်းတာနဲ့ စကားချိုချိုလေးတွေနှင့် နှုတ်ဆက်တတ်သည့် သူငယ်ချင်းလေးပါလား။

"ညက ငါ...ဟို မင်းကို တစ်ခုခုလုပ်မိလား"

မေးလိုက်ကာမှ မျက်စောင်းထိုးပြီး အပြင်ထွက်သွားသည့် ရှောင်းကျန့်ရယ်ပါ။

"ဒီယုန်အရိုင်းလေးကတော့ မျက်စောင်းထိုးတာတောင်လှတယ်...ဟီး"
____________________
အခုက ကိုယ်ခံပညာစစ်ဆေးချိန်မို့ လေ့ကျင့်ရေးကွင်းထဲမှာ အချို့က အကြောလျှော့နေကြသည်။ အချို့က သွေးပူလေ့ကျင့်ခန်းလုပ်နေကြသည်။ ရှောင်းကျန့်ကသာ ဟိုကြည့်ဒီကြည့်နှင့် ကျန်းချန်ကို လိုက်ရှာနေသည်။

"ဝမ်ရိပေါ် နဲ့ ထန်ယိ"

"ရှောင်းကျန့် ငါပြီးရင် မင်းအလှည့်နော်"

"သိတယ်"

ရိပေါ်က ကွင်းထဲကိုဝင်သွားပြီး ထန်ယိဆိုသူနှင့် လက်ချည်းတိုက်ခိုက်ကြသည်။ ထန်ယိက ကိုယ်လုံးကိုယ်ထည်ပိုထွားသော်လည်း ရိပေါ်က လျင်မြန်ဖျတ်လတ်သည်။ နောက်တော့ ရိပေါ်ရဲ့ ကန်ချက်အောက်မှာ ထန်ယိက လဲသွားပြီးမထ နိုင်တော့။

"ဝမ်ရိပေါ် အမှတ်သုံးဆယ်"

ရိပေါ်က ရှောင်းကျန့်ရှိရာကို ဂုဏ်ဆာတဲ့ အပြုံးကြီးနဲ့ လှမ်းကြည့်လိုက်သည်။

"ရှောင်းကျန့်နဲ့ ဝမ်ချောင်"

ရှောင်းကျန့်သူ့အလှည့်ရောက်တော့ ​ခြေဖျားလက်ဖျားတွေအေးလာသည်။ သူ့ပြိုင်ဘက်က ထန်ယိလောက်မထွားပေမဲ့ သိုင်းပညာတော်ပုံရသည်။ ပွဲစတော့ မလှုပ်မရှက်ရပ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ချောင်က ပြေးဝင်လာပြီး တစ်ချက်ထိုးချလိုက်သည်။

"အင့်"

ထို့​နောက် အညှာအတာကင်းမဲ့စွာ ဆက်တိုက်ရောက်လာသည့် ထိုးချက်တွေကို ဘာမှပြန်မလုပ်နိုင်ဘဲ ငြိမ်ခံနေရတော့ မလှုပ်နိုင်တော့ဘဲ ပျော့ခွေပြီး လဲကျသွားသည်။

Innocent Felon (Completed)Dove le storie prendono vita. Scoprilo ora