Part (52)⚠

5.8K 499 42
                                    

Unicode

ရိပေါ် သူ့အခန်းရှေ့မှာ နားနေတဲ့ စာပို့ခိုလေးကိုတွေ့တော့ အနားမှာ လူရှိမရှိစစ်ဆေးကာ ခိုခြေထောက်မှ စာလိပ်ကို ယူပြီး ဖြေဖတ်ကြည့်လိုက်သည်။ စာထဲမှာရေးထားသည့် အကြောင်းအရာက ရိပေါ်ဆရာထံမှ ရိပေါ်ကို ဂိုဏ်းဆီပြန်လာဖို့နှင့် လန်သခင်က သူ့ကို တွေ့ချင်နေသည့် အကြောင်းဖြစ်သည်။ ရိပေါ် အတန်ကြာစဥ်းစားပြီးနောက် အချိန်ခဏစောင့်ဆိုင်းပေးရန် ပြန်စာပေးလိုက်သည်။ သူ့အနေနဲ့ ရှောင်းကျန့်ကို စောင့်ရှောက်ရဦးမည်။ ရှောင်းကျန့်ကို ဘုရင်အဖြစ်တင်မြှောက်ပြီးလျှင် ဝေ့မင်းကြီးကို ပုန်ကန်နေသည့် ကိစ္စတွေရပ်သွားမည်။ ရှောင်းကျန့်က ထီးနန်းကို မက်မောတဲ့သူမဟုတ်တာကြောင့် အိမ်ရှေ့စံလန်ဝမ့်ကျီးပြန်ရောက်လာလျှင် ထီးနန်းကို ပြန်လွှဲပေးမှာ အသေအချာ။ အိမ်ရှေ့စံလန်ဝမ့်ကျီးကို ထီးနန်းလွှဲပြီးတာနှင့် သူရှောင်းကျန့်ကို ခေါ်ပြီး လူတွေနဲ့ ဝေးတဲ့တစ်နေရာကို ထွက်သွားမည်လို့ တွေးထားသည်။

"ရိပေါ်....."

"ယွီပင်း"

"ခုနက ခိုက စာပို့ခိုမလား"

"အင်း"

"မင်း!"

"မစိုးရိမ်ပါနဲ့ ငါရှောင်းကျန့်ကို ထိခိုက်မဲ့ကိစ္စတွေ မလုပ်တော့ပါဘူး"

"ပြီးရောအဲ့တာဆိုလည်း မင်းရှောင်းကျန့်ကို မဟုတ်တာ ထပ်ကြံစည်ရင် ငါနဲ့ကျန်းချန်မင်းကို ဒီအတိုင်းမထားဘူးနော်"

"ငါသိပါတယ် ယွီပင်း"
_____________________
"အရှင့်သား ဟိုဟာလေ...."

ဝမ်ချင်က ပြောရခက်နေသည့်ဟန်

"ပြောပါ ဝမ်ချင်"

"ကျွန်မရဲ့ အဖေက အရှင့်သားနဲ့ ကျွန်မကို အိမ်လာလည်ဖို့ ဖိတ်ထားပါတယ် အဲ့တာလေ"

"ဪ"

"ဟို အရှင့်သား....မသွားချင်ရင်လဲ"

"သွားရမှာပေါ့ ဝမ်ချင် မသွားလို့မှမရဘဲ သူများတွေအမြင်မှာ ငါတို့က လက်ထပ်ထားတဲ့ ဇနီးမောင်နှံပဲလေ....တော်ကြာလီအမတ်က ငါတို့ကို သံသယဝင်နေလိမ့်မယ်"

Innocent Felon (Completed)Where stories live. Discover now