Part (71)

4.6K 498 17
                                    

Unicode

တစ်လကြာပြီးနောက် လန်နိုင်ငံဘုရင်မင်းမြတ်လန်ဝမ့်ကျီးက ကျေးတော်သူလေး စုန့်ကျူးအာကို မိဖုရားမြှောက်လိုက်သည့် သတင်းကတိုင်းပြည်အတွင်း ဟိုးလေးတကျော်ကျော်ဖြစ်နေသည်။ ဘုရင်နှင့် မိဖုရားမှာ ကလေးဘဝထဲက ခင်မင်ရင်းနှီးသူများဖြစ်၍ အချို့က နတ်ဖတ်သည့် စုံတွဲဟုဆိုကာ ကောင်းချီးပေးနေကြသည်။

"အရှင်......."

"ကျူးအာ....ကိုယ်တော်ဒီနေ့ စာကြည့်ဆောင်မှာအိပ်လိုက်မယ် မင်းကောင်းကောင်းအနားယူပါ"

လန်အရှင်က သူ့မိဖုရားကို လက်ထပ်သည့်နေ့ကတည်းက ခုချိန်ထိ တစ်အိပ်ရာထဲအိပ်ဖို့ မဆိုနှင့် လက်ဖျားနှင့်ပင် မထိဟူသည့် သတင်းကလဲ နန်းတွင်းသူများအကြားပြောစရာဖြစ်နေသည်။ ဝေ့ရင်းဆိုသည့် ကြင်ယာတော်ဟောင်းကို အရှင်က မမေ့နိုင်သေးတာကြောင့် ဆိုသည့်စကားက ကျူးအာကို မကျေမနပ်ဖြစ်စေသည်။

"အရှင်.....ယွီပင်းပြန်လာပါပြီ"

ရွှယ်ယမ်က ဒဏ်ရာတွေနှင့် ယွီပင်းကို တွဲလာပြီးပြောလေသည်။

"ယွီပင်း ဘယ်လိုဖြစ်တာလဲ"

ယွီပင်းက အကြောင်းစုံပြောပြတော့ လန်ကျန့်က လက်သီးကို တင်းတင်းဆုပ်ကာ

"ဘယ်သူက ငါဝေ့ရင်းကို ရှာတဲ့ကိစ္စကို လိုက်တားနေရတာလဲ"

"အရှင့်ရဲ့ဦးရီးတော်ပါ"

"ဘယ်လို"

ယွီပင်းက စစ်မြေပြင်တုန်းက ကိစ္စတွေနှင့် သူ့ကို ဖမ်းထားသည့် ကိုယ်ရံတော်တွေက လန်ရိုဟန်ရဲ့ လူတွေဖြစ်ကြောင်း ရှင်းပြလိုက်သည်။

"ကျွန်တော်မနဲ ထွက်ပြေးလာရတာ...."

"ယွီပင်း မင်းအနားယူလိုက်ဦး...ရွှယ်ယမ်...ငါနဲ့လိုက်ခဲ့ ဝေ့ရင်းကို သွားရှာမယ်"

"ဟုတ်ကဲ့ပါ အရှင်"
_______________________
"ရှောင်းကျန့် ငါ့ကို ဆေးမြစ်တွေသွားဝယ်ပေးပါ"

"ငါမအားဘူး"

"နင်ကမအားရအောင် ဘာလုပ်နေလို့လဲ"

"ငါ ပန်းချီဆွဲနေတယ်လေဟာ"

"နင်အဲ့တာပြီးမှ ဆွဲစမ်းပါဟယ်.....ငါ့ဆေးမြစ်က အရေးကြီးလို့"

Innocent Felon (Completed)Where stories live. Discover now