Part (48)

4K 507 6
                                    

Unicode

လန်နိုင်ငံတွင် ပုံမှန်ကျင်းပနေကျ မီးပုံးပွဲတော်ရောက်ရှိပြီမို့ တိုင်းပြည်အတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြသည်။ မီးပုံးပွဲတော်၏ အလေ့အထတစ်ခုက ကိုယ်တိုင်ပြုလုပ်ထားသည့်မီးပုံးလေးများကို အလိုချင်ဆုံး ဆန္ဒတစ်ခုဆုတောင်းပြီး လွှတ်ကြခြင်းဖြစ်သည်။ အချို့ကလဲ ကိုယ့်လက်နှင့် လုပ်ထားသည့် မီးပုံးလေးများကို ကိုယ်ချစ်ရသည့်သူ သို့မဟုတ် သဘောကျသည့်သူကိုပေးလေ့ရှိကြသည်။ ယောကျ်ားပျို၊ မိန်းမပျိုလေးများက မိမိနှစ်သက်သည့်သူကို မီးပုံးပေးပြီး ဖွင့်ပြောတတ်ကြသည်မှာလဲ အစဥ်အလာတစ်ခုလိုဖြစ်နေသည်။

"အရှင့်သား ဘာလုပ်နေတာလဲ"

ရန်လီက သူ့နန်းဆောင်အတွင်းမှာ စက္ကူတွေ ဆေးရောင်စုံတွေနှင့် အလုပ်တွေများနေသည့် ရှောင်းကျန့်ကို တွေ့တော့ တအံ့တသြမေးလိုက်သည်။

"ငါမီးပုံးလုပ်မလို့....ပုံတွေတော့ စုံနေအောင်ဆွဲထားတယ် ဒါပေမဲ့ ငါမီးပုံးမလုပ်တတ်ဘူး"

"ရန်လီ လုပ်ပေးပါ့မယ် အရှင့်သားရယ်"

"ဟင့်အင်း ငါ့ဘာသာလုပ်ရမှာ...ငါ့ကိုလုပ်နည်းပဲ ပြောပြ"

"အရှင့်သား တစ်ယောက်ယောက်ကို ပေးမလို့လား"

"အင်း....သူကြိုက်ပါ့မလားမသိဘူး"

"ကြိုက်မှာပါ အရှင့်သားက ဒီလောက် အပင်ပန်းခံလုပ်ထားတာပဲဟာ"

"တကယ်လား...အဲ့တာဆို ငါ့ကိုလုပ်နည်းမြန်မြန်ပြောပြ"

"အရှင့်သား အရင်ဆုံး စက္ကူတွေကို ဖယောင်းသုတ်ရမယ်...ပြီးရင် ဒီဝါးမျှင်လေးတွေကို ဒီလိုချိုး......................"

ရှောင်းကျန့် ရန်လီပြောတာကို သေချာလိုက်မှတ်ပြီး သူ့ဘာသာလုပ်ကြည့်လိုက်သည်။

"ဟင်း....ဒီတိုင်းဆို ညရောက်ရင်တောင်ပြီးပါ့မလား"

စက္ကူတွေတစ်ခုပြီးတစ်ခုသာ ပြဲသွားသည် ရှောင်းကျန့်ရဲ့မီးပုံးလေးက ဘယ်လိုမှပုံပေါ်မလာသေးတော့ ရှောင်းကျန့် စိတ်ပျက်လက်ပျက်ညည်းတွားလိုက်သည်။
_______________________
"အစ်ကိုရိပေါ်....အစ်ကို့အတွက် ညီမရဲ့ မီးပုံးလေးပေးချင်လို့"

Innocent Felon (Completed)Where stories live. Discover now