Part (76)

4.7K 502 30
                                    

Unicode

"အရက်သွားသောက်ကြရအောင်"

နန်းတော်က ထွက်လာကတည်းက အရက်သောက်မည်တကဲကဲလုပ်နေသည့် ယုန်ပေါက်ကို ဝိုင်းဆွဲထားရသည်။ တော်ကြာယုန်ပေါက်မူးသွားရင် စီစဥ်ထားသမျှလွဲသွားနိုင်သည်လေ။

"ဟေ့....နေပါဦးကွာမင်းကလဲ ပြန်ခါနီးမှ သောက်ကြမယ်လေ....အခုတော့ပျော်စရာလေးတွေအရင်လိုက်ရှာရအောင်"

"အေး အဲ့တာကောင်းတယ်"

"လာဟိုနားက ဆိုင်မှာ ညစာစားရင်း ကျန်တဲ့သူတွေကို စောင့်ရအောင်"

"အေး သွားကြမယ်"

ဆိုင်ကိုရောက်​တော့ အပေါ်ထပ်က အခန်းတစ်ခန်းငှားရင်း မလာသေးသည့် ရွှယ်ယမ်တို့အတွဲနှင့် ဟွိုင်စန်း၊မုန့်ယောင်တို့ကို ထိုင်စောင့်နေလိုက်ကြသည်။

"ရှောင်းကျန့် ပူတယ်ကွာ ပြတင်းပေါက်သွားဖွင့်"

"မင်းမှာလဲ လက်ပါတာပဲ မင်းသွားဖွင့်ပေါ့"

"မင်းဖွင့်လိုက်ပါ ရှောင်းကျန့်ရာ"

ကျန်းချန်ကပါ ဝင်ပြောတော့ ရှောင်းကျန့်ဆူပုတ်ပုတ်နှင့်ထသွားပြီး ပြတင်းပေါက်သွားဖွင့်လိုက်သည်။

"ဟိတ် အလှလေး"

"အား!..."

ပြတင်းပေါက်ဖွင့်ဖွင့်ချင်း ဘွားကနဲပေါ်လာသည့် လူကြောင့် လန့်ပြီးအော်လိုက်မိသည်။

"မင်း....ရိပေါ်....အဲ...အရှင်"

"ကိုယ်ကရိပေါ်ပါ.....အလှလေး.....ကိုယ်က မင်းရဲ့ ဝမ်ရိပေါ်ပါ"

အခန်းဘေးက သစ်ပင်ခွကြားမှာ ခပ်မိုက်မိုက်ထိုင်နေသည့် ဝမ်ရိပေါ်ရယ်ပါ။

"ဒီကိုဘယ်လိုရောက်လာတာလဲ"

"မင်းကိုလာတွေ့တာပေါ့"

"မတွေ့ချင်ဘူး ပြန်တော့"

"ဟာ....ဟေ့....နေဦးလေ ရှောင်းကျန့်"

ရှောင်းကျန့်က ပြတင်းပေါက်ကို ပြန်ပိတ်တော့ ရိပေါ်က ပြတင်းပေါက်ကြားလက်ထိုးထည့်လိုက်လေရာ

"အား!!......ကျိုးပြီကျိုးပြီ"

ရှောင်းကျန့်ကလဲ အလန့်တကြားနှင့်

Innocent Felon (Completed)Where stories live. Discover now