Part (49)

3.8K 478 11
                                    

Unicode

ပွဲတော်ချိန်မို့ နန်းတော်အတွင်း မင်းမှုထမ်းများ အရင်ကထက်ပိုနည်းနေသည်။ ဝေ့မင်းကြီးကိုယ်တိုင်က ဒီလိုအချိန်ဆို အားလပ်ချိန်ပေးတတ်တာမို့ ကိုယ်ရံတော်တပ်မှာတောင် လူအနည်းငယ်သာရှိသည်။ ရှောင်းကျန့်ကတော့ အခု ဝေ့မင်းကြီးနှင့်အတူ ဝေ့သခင်မအတွက် အောက်မေ့ဖွယ်ပွဲကျင်းပနေသည်။

"မား........"

မျက်ရည်တွေစိုစွတ်နေသည့် ရှောင်းကျန့်ကို အနားမှာ ရပ်နေသည့် ရိပေါ်က မျက်နှာမလွှဲတမ်းကြည့်နေသည်။ သူ့ယုန်ပေါက် မျက်ရည်ကို မြင်ရင် သူမခံစားနိုင်ပါ။ ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်ပေးချင်ပေမဲ့ မင်းကြီးပါရှိနေတော့ ဒီတိုင်းသာ ရပ်ကြည့်နေရသည်။

"အားရှန့်.....အမွှေးတိုင်ထွန်းလိုက်"

ဝေ့မင်းကြီးက ပြောတော့ ရှောင်းကျန့်ခေါင်းငြိမ့်ကာ သူ့မယ်တော်ရဲ့ ကဗ္ဗည်းတိုင်ရှေ့တွင် အမွှေးတိုင်လေး စိုက်ထူလိုက်သည်။

ထိုအချိန် နန်းတော်အတွင်း အော်သံဟစ်သံများနှင့် တိုက်ခိုက်နေသည့် အသံများကြားလိုက်ရသည်။

"ဘာဖြစ်တာလဲ"

"အရှင်မင်းကြီး နန်းတော်ထဲကို လုပ်ကြံသူတွေဝင်လာပါတယ် မြန်မြန်တိမ်းရှောင်ရပါမယ် အရှင်"

"ဘယ်သူက ငါကိုယ်တော့်ကို လုပ်ကြံရဲတာလဲ"

"ခမည်းတော် မြန်မြန်တိမ်းရှောင်ပါ သားတော် ဖြေရှင်းလိုက်ပါ့မယ်"

ဝေ့မင်းကြီးက သူ့ကိုယ်ရံတော်ချုပ်နှင့် ထိုနေရာက ထွက်သွားဖို့ပြင်နေတုန်း အနက်ရောင် ဝတ်ထားသည့် လူတွေက ထိုနေရာတစ်ဝိုက်ကို ဝိုင်းထားလိုက်ကြသည်။ ရိပေါ်က ရှောင်းကျန့်ရှေ့ကို လေအလျင်နှင့် ရောက်လာကာ ဓားထုတ်ပြီးကာထားလိုက်သည်။

"မင်းတို့ကို ဘယ်သူခိုင်းတာလဲ...ရာရာစစ ငါကိုယ်တော်ကို လုပ်ကြံရဲတယ်...မင်းတို့ အသက်မရှင်ချင်တော့ဘူးလား"

ဝေ့မင်းကြီးရဲ့ စကားအဆုံး တဟားဟား အော်ရယ်သံနှင့်အတူ လုပ်ကြံသူတွေကြားကထွက်လာသူက အမတ်ရန်။

Innocent Felon (Completed)Where stories live. Discover now