Unicode
"မင်းတို့ ငါ့ကို သစ်ကြားသီးလေးရှာပေးပါလား"
ဝေ့ရင်း အဆောင်ထဲမှာ အလုပ်လုပ်နေကြသည့် အစေခံတွေနားသွားကာ အကူအညီတောင်းလိုက်သည်။
"ကြင်ယာတော် ကျွန်မတို့ ညနေကျ အလုပ်ပြီးသွားရင် သွားရှာပေးပါ့မယ်"
"အခုသွားလို့မရဘူးလားဟင် အပင်က အရှင်မင်းကြီးအဆောင်နားလေးတင်ကို"
"ကျွန်မတို့ နန်းတော်အပြင်က သွားဝယ်ရမှာမို့လို့ပါ အရှင့်အဆောင်နား မသွားရဲပါဘူး ကြင်ယာတော်"
"ပြီးရော အဲ့တာဆို မလိုတော့ဘူး အလုပ်ပဲဆက်လုပ်ပါ"
ဝေ့ရင်း ဆူပုတ်ပုတ်နှင့်ပဲ လန်ကျန့်အဆောင်နား ခြင်းတစ်လုံးနှင့် ထွက်လာခဲ့သည်။
"လန်ကျန့်.....လန်ကျန့် မျက်နှာကြီး အဲ့လောက်တည်တင်းနေတော့ နန်းတော်ထဲက လူတိုင်းကြောက်ကြတာပေါ့။ ကျောင်းတုန်းက ကျောက်ကျောရေပတ်မျက်နှာနဲ့များ တခြားစီ......"
ဝေ့ရင်း သစ်ကြားသီးအပင်နားရောက်တော့
"အသီးတွေအများကြီးပဲ.....ဒီနားမှာလှေကားလဲ မရှိဘူး ဘယ်လို တက်ရမလဲ"
"ကြင်ယာတော်"
ဝေ့ရင်း အပင်ကို မော့ကြည့်နေတုန်းခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ
"အစ်ကိုကျင်းယွီ"
"ကြင်ယာတော် ဘာလုပ်နေတာလဲ"
"ဟို....ကျွန်တော်အသီးခူးချင်လို့ပါ..."
"ဪ....ကြင်ယာတော်စားချင်လို့လား"
"မဟုတ်ပါဘူး ဟို...လန်ကျန့်က သစ်ကြားသီးမုန့်ကြိုက်တယ်လေ အဲ့တာ...."
"အရှင့်အတွက်ပေါ့"
"အင်း"
ဝေ့ရင်းက လည်ပင်းလေးပွတ်ရင်း ရှက်ပြုံးလေးနှင့် ခေါင်းညိတ်ပြသည်။
"အဲ့တာဆို ခူးလေ"
"ဒါပေမဲ့ ကျွန်တော်မတက်နိုင်ဘူး။ အစ်ကို ကျွန်တော့်ကို လှေကားရှာပေးပါလား"
"လှေကားလား.....ဒီနားမှာမရှိလောက်ဘူး။ ကျွန်တော်ခူးပေးမယ်လေ"
YOU ARE READING
Innocent Felon (Completed)
Fanfiction(Innocent Felon လေးကို ပထမဆုံးစဖတ်မည့်သူများအနေနှင့် Edited Version ကိုလဲဖတ်စေချင်ပါတယ်) "စိတ်ကြိုက်သာ နှိပ်စက်ပါတော့ ရိပေါ် ငါက အပြစ်သားတစ်ယောက်မို့ မင်းပေးတဲ့ အရာရာကို လက်ခံဖို့အသင့်ပါပဲ။ နာကျင်မှုတွေဆိုရင်တောင် မင်းပေးတာမို့ ငါကျေကျေနပ်နပ်ပဲခံ...