Part (64)

4.5K 536 53
                                    

Unicode

တပ်သားသစ်တွေကို လေ့ကျင့်ပေးချိန်ရောက်တော့ ဝေ့ရင်း ကျင်းယွီကို မတွေ့အောင် ပုန်းနေရသည်။ တော်ကြာတွေ့ပြီး စကားတွေလာပြောနေမှဖြင့်။

"ကျန့်ကျန့်....ညက အိပ်ပျော်လား"

"ကွမ်ကွမ်.....အင်း အိပ်ပျော်ပါတယ်"

သူနှင့်ရွယ်တူထင်ပြီး သူငယ်ချင်းပြောပြောနေသည့် ဒီကလေးကို​တော့ ဝေ့ရင်းခင်မိသည်။ရှကျစ်ကွမ်က ရိုးသားပြီး ဖော်ရွေတဲ့ကလေးတစ်ယောက်ပင်။

"အရှင်မင်းကြီး"

သူတို့လေ့ကျင့်တဲ့နေရာကို လန်ကျန့်ရောက်လာ​တော့ အားလုံးက ခေါင်းငုံ့ကာ အရိုအသေပေးကြသည်။ ဝေ့ရင်းကတော့ တစ်ကိုယ်လုံးငုံ့နိုင်သမျှငုံ့ထားရသည်။ သူ့အရပ်က သူများထက်ခေါင်းတစ်လုံးပိုနေသည်မလား။

"စစ်သည်တို့ မင်းတို့အားလုံးက ငယ်ရွယ်သေးပေမဲ့ အခုလို နိုင်ငံတော်အတွက် တာဝန်ထမ်းတာမြင်တော့ ကိုယ်တော် မင်းတို့အတွက် ဂုဏ်ယူမိပါတယ်။ လန်တိုင်းပြည်နဲ့ လန်နိုင်ငံပြည်သူတွေကို မတရားသဖြင့် သိမ်းပိုက်ထားတဲ့ ချန်နိုင်ငံကို အပြတ်ချေမှုန်းပြီး ငါတို့ရဲ့ အင်အားကို ပြကြမယ်။ငါတို့ရဲ့မိသားစု။ ငါတို့ချစ်တဲ့သူတွေ။ ငါတို့ရဲ့တိုင်းပြည်ကို အသက်ပေးပြီး ကာကွယ်ကြမယ်။ ကိုယ်တော်နောက်ကို လိုက်ဖို့ ဆန္ဒရှိရဲ့လား"

"ဆန္ဒရှိပါတယ် အရှင်"

လန်ကျန့် တက်ကြွနေသည့် သူ့စစ်သည်တွေကို ခပ်ပြုံးပြုံးကြည့်လိုက်ပြီး ထိုနေရာကနေ ပြန်ထွက်ခွာသွားသည်။

"အမလေး....ခါးကျိုးပြီထင်တာ"

"ဆက်ပြီး လေကျင့်ရအောင် ကျန့်ကျန့်"

"အေး.....ဟင်"

ဝေ့ရင်း လေ့ကျင့်မလို့ ပြင်တုန်း သူ့ဆီလျှောက်လာသည့် ကျင်းယွီကို တွေ့လိုက်ရသည်။ 'ဘာလာလုပ်ပြန်တာလဲ ဒုက္ခပါပဲ'

"စစ်သည်လေး မင်းက အရည်အချင်းရှိတာပဲ....အရှင့်အနားမှာ နေမလား....ငါသွင်းပေးမယ်"

'ဘုရားရေ'

"အယ်....မ...မလိုပါဘူးဗျ...."

"မင်းက အထူးအဆန်းပါလား လူတိုင်းက အရှင့်အနားမှာ နေချင်နေကြတာ"

Innocent Felon (Completed)Where stories live. Discover now