Part (88)

4.6K 432 13
                                    

Unicode

ဥယျာဥ်တော်ထဲက ဒန်းလေးပေါ်မှာ ထိုင်ရင်း ယုန်လေးတစ်ကောင်ကို ပေါင်ပေါ်တင်ကာ ပွတ်သပ်ပေးနေသည့် ဝေ့ရင်းအနားကို လန်ကျန့် လျှောက်သွားလိုက်သည်။ ဝေ့ရင်းက သူ့ကို မြင်တော့ မျက်လုံးလေးမှေးကျဥ်းသွားသည်အထိ ပြုံးပြကာ

"လန်ကျန့်......ပြန်လာပြီလား"

"အင်း....ဝေ့ရင်း ဒီနေ့ရော နေလို့ကောင်းရဲ့လား"

"ကောင်းပါတယ်....စိတ်ပူစရာမလိုတော့ပါဘူး...."

"ဖျားရောဖျားသေးလား....ဗိုက်ရောနာသေးလားဟင်"

"ဟင့်အင်း အကုန်ကောင်းပါတယ်ဆို"

"လာ.....အထဲဝင်ရအောင် အပြင်မှာ လေတိုက်တယ်"

"အင်း....."

လန်ကျန့်က မုဆိုးဒူးထောက်ထိုင်လိုက်ကာ

"ကျောပေါ်တက်"

"အယ်...မလိုပါဘူး ငါလမ်းလျှောက်နိုင်ပါတယ်...."

"လိုတယ်တက်"

ဝေ့ရင်းက လန်ကျန့်စကားကို နားထောင်ကာ ကျောပေါ်တက်လိုက်သည်။ နန်းတွင်းအစေခံတွေကတော့ သိပ်ချစ်ကြသည့် ရှင်ဘုရင်နှင့် ကြင်ယာတော်ကို ကြည့်ပြီး အားတွေကျနေကြသည်။

"လန်ကျန့်.....ငါလေ မျောနေတုန်းက မားမားအသံကြားလိုက်ရတယ်....ပြီးတော့ နတ်ကွန်းက ဘိုးဘိုးကြီးအသံလဲကြားခဲ့တယ်...သူတို့က ငါ့ကို အသက်ပြန်ရှင်ဖို့ ကူညီပေးခဲ့ကြတာ"

"ဟုတ်လား....သူတို့ကို ကိုယ်ကျေးဇူးတင်ရမှာပေါ့....."

"အင်း....လန်ကျန့် ငါလေ....မားမားနဲ့မင်းကို အချစ်ဆုံးပဲ....ဒါပေမဲ့ ငါမားမားကို မရွေးဘဲ မင်းကိုရွေးခဲ့တယ်....မင်းငါ့မားမားကို အားနာရမယ်နော်"

"ဟုတ်ပါပြီ ကိုယ်ဝေ့သခင်မကို အားနာလိုက်တာ...သူအချစ်ဆုံးသားလေးက ကိုယ့်ကို ရွေးခဲ့လို့လေ"

"ဟီး.....မင်းက ကလေးလေးလိုပဲ ချစ်ဖို့ကောင်းလိုက်တာ"

လန်ကျန့် ဝေ့ရင်းစကားကြောင့် ဟက်ဟက်ပက်ပက်ရယ်မိသည်။ သူကတောင် ကိုယ့်ကို ပြန်ပြီး ကလေးနှင့်တူသည်တဲ့လေ။

Innocent Felon (Completed)Where stories live. Discover now