Part (42)

4.3K 549 19
                                    

Unicode

ရိပေါ် သူ့ကို မျက်လုံးဝိုင်းကာ ကြည့်နေသည့် ရှောင်းကျန့်ကြောင့် တစ်ချက် ချောင်းဟန့်လိုက်ရင်း

"အောက်မှာ ထိုင်နေရင် ခြေထောက်ပိုနာမှာစိုးလို့"

"အွန်း.........ဟိုလေ...ရိပေါ်"

"ပြော"

"မင်းဒီနေ့ငါ့ကိုမသတ်သေးဘူးလားဟင်"

မေးပုံလေးက အူကြောင်ကြောင်။ သူသာသတ်ချင်ရင် အစောကြီးကတည်းက အသက်ပျောက်နေလောက်ပြီကို ယုန်ပေါက်မသိရှာ။

"ဘာလဲ မင်းကို သတ်မှာကြောက်နေတာလား"

"မကြောက်ဘူးလို့ပြောရင်တော့ လိမ်ရာကျမှာပဲ......ဒါပေမဲ့ မင်းကျေနပ်မယ်ဆိုရင် ငါသေရဲပါတယ်။ မင်းက ငါ့ကိုသတ်ပြီးမှ ဒီလိုအန္တရယ်များတဲ့အလုပ်တွေကနေ နားနိုင်မယ်၊ မင်းအချုပ်အနှောင်ကင်းကင်းနဲ့ နေနိုင်မယ်ဆိုရင် ငါ့ကို မြန်မြန်သာ သတ်လိုက်ပါ။ ဒါမှမဟုတ် ငါ့ကိုယ်ငါ သတ်သေပေးရမလား....မင်းဖြစ်ချင်တာသာပြောပါ ငါလိုက်နာမှာမို့"

ရှောင်းကျန့် စကားတွေက ရိပေါ် နှလုံးသားကို ဆူးနှင့်ထိုးသလို နာကျင်နေရသည်။ တစ်ခါက ရှောင်းကျန့် သူ့ကို ပြောဖူးတယ် 'ငါမင်းကို ငါ့အသက်ထက်ပိုချစ်တယ်'တဲ့။ တကယ့်ကိုပဲ ရှောင်းကျန့်က သူ့ကို အသက်ပေးပြီးတော့ ချစ်ရှာပါလား....။ အမြဲတမ်း အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်လျက်နဲ့ အမတ်တွေဆီကတောင် အနှိမ်ခံရတဲ့ ဒီလူသားလေးမှာ ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှမရှိ။ ဒီလိုမျိုး လုပ်ကြံခံရတဲ့ အချိန်မှာတောင် စိုးရိမ်တကြီး သတင်းမေးလာသူမရှိ။ လုပ်ကြံခံရသည့် ကိစ္စကို စုံစမ်းဖို့ဆိုတာဝေးစွ။ ဒီတိုင်းဆို ရှောင်းကျန့်က သူမဟုတ်တောင် လုပ်ကြံသူတွေ ဝိုင်းဝိုင်းလည်နေပုံရသည်။ ရိပေါ် သက်ပြင်းတစ်ချက်ချလိုက်ပြီး

"ငါဖြစ်ချင်တာက မင်းမငိုနဲ့တော့ ကောင်းကောင်းအနားယူလိုက်ပါ ငါအပြင်မှာရှိနေမယ်"

ရိပေါ်က ရှောင်းကျန့် မျက်ရည်တွေကို တယုတယသုတ်ပေးပြီး ပြောတော့ ရှောင်းကျန့်ခဏတော့ အံ့သြသွားပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ ခေါင်း​ငြိမ့်ပြလိုက်သည်။
_____________________
"အရှင့်သား အနားယူနေပါတယ် အိမ်ရှေ့စံ"

Innocent Felon (Completed)Where stories live. Discover now