Part (86)

4.5K 422 4
                                    

Unicode

လန်ကျန့် နေ့တိုင်းမအိပ်မစားဘဲ ဝေ့ရင်းဘေးမှာသာထိုင်နေသည်။ တိုင်းပြည်အနှံ့တွင်လဲ ကြင်ယာတော်အတွက် ဆုတောင်းပွဲများလုပ်နေကြသည်။ ယွီပင်းတို့က ဝမ်ချောင်ကို ဖမ်းမိထားပေမဲ့ လန်ကျန့်ကို အသိမပေးကြသေး။ စိတ်ထောင်းကိုယ်ကြေဖြစ်နေသည့် ရှင်ဘုရင်က ကြင်ယာတော်အနားကနေမခွာတာကြောင့် တိုင်းရေးပြည်ရေး ကိစ္စတွေကို ဦးရီးတော်ကသာ စီမံနေရသည်။ တရားခံကို ဖော်ထုတ်တာတော့ ဟွိုင်စန်း၊မုန့်ယောင်၊ ကျန်းချန်နှင့် ယွီပင်းတို့ သူငယ်ချင်းတစ်သိုက်က တာဝန်ယူထားကြသည်။

"မှန်မှန်ပြော မင်းကို ဘယ်သူခိုင်းတာလဲ"

စားဖိုဆောင်သို့ ကြာစွယ်စွပ်ပြုတ်လာပို့ပေးခဲ့သည့် ဦးရီးတော်အဆောင်မှ အစေခံမိန်းကလေးကို စစ်မေးနေကြသည်။ တဆတ်ဆတ်တုန်ယင်ပြီး ထိတ်လန့်နေသည့် မိန်းကလေးက အမှန်ကိုပြောဖို့ ကြောက်လန့်နေသည့်ပုံ။

"မင်းရဲ့အမေနဲ့ မောင်ငယ်လေးကို ငါတို့စောင့်ရှောက်ထားတာမို့ ဘယ်သူ့ကိုမှကြောက်နေစရာမလိုဘဲ အမှန်တိုင်းပြောပါ"

"ကျွန်မတကယ်မသိပါဘူး ခိုင်းတဲ့အတိုင်းလုပ်ရတာပါ....ဘယ်သူခိုင်းမှန်းလဲမသိပါဘူး....တကယ်ပါ"

"ခေါ်လာခဲ့"

ကျန်းချန်က အမိန့်ပေးလိုက်သည်နှင့် ရဲမက်တွေက အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကိုခေါ်လာကြသည်။

"အမေ မောင်လေး...​တောင်းပန်ပါတယ်ရှင် သူတို့ကို ဘာမှမလုပ်ပါနဲ့ ကျွန်မပြောပြပါမယ်"

ထို့နောက် ထိုမိန်းကလေးက ဖြစ်ကြောင်းကုန်စဥ်ပြောပြလိုက်သည်။ ဟွိုင်စန်းနှင့် မုန့်ယောင်ကလဲ မိဖုရားနှင့် ဝမ်ချောင်လျှို့ဝှက်ဆက်သွယ်ခဲ့ကြောင်း သက်သေများပါ ရှာပြီးဖြစ်သည်။

"သက်သေတွေတော့ခိုင်လုံနေပြီ...ဘာဆက်လုပ်ကြမလဲ"

"ဖမ်းထားရမယ်....လုံးဝထွက်မပြေးစေနဲ့....အရှင် စိတ်အခြေအနေ တည်ငြိမ်သွားတဲ့ အခါမှ အရှင်ကြိုက်သလိုစီရင်ပါစေ"
________________________
"အရှင် ရှောင်းကျန့်ကိုယ်ထဲက အဆိပ်တွေက သွေးထဲကနေ ပျံ့နေတာပါ။ ဒီအဆိပ်မျိုးအရင်က မမြင်ဖူးပေမဲ့...ကြည့်ရတာ အဆိပ်ပြင်းတဲ့ အင်းဆက် တစ်မျိုးဆီကနေ ဖော်ထားတဲ့ အဆိပ်ဖြစ်မယ်"

Innocent Felon (Completed)Where stories live. Discover now