Part (87)

4.8K 455 61
                                    

Unicode

"လန်.....လန်.......ကျန့်"

ဝမ်ချင်က ဝေ့ရင်းနံဘေးမှာ လဲလျောင်းနေသည့် လန်ကျန့်ထံ အကြည့်ရွေ့လိုက်တော့ ဝေ့ရင်း ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။

"ဟင့်.....လန်"

"ရှောင်းကျန့်...အရှင်ဘာမှမဖြစ်ပါဘူး....အားနည်းလို့ သတိလစ်သွားတာပါ...အားပြန်ပြည့်ရင် နိုးလာပါလိမ့်မယ်"

ဝေ့ရင်းက လန်ကျန့် ဆုပ်ကိုင်ထားသည့် သူ့လက်ကို ထိုအခါမှ သတိထားမိသွားပြီး ပြုံးလိုက်သည်။ နှုတ်ခမ်းများပြာပြီး မျက်နှာလေးဖြူဖျော့နေပုံထောက်တော့ အရမ်းအားနည်းနေသည်ထင်။ အရင်လို ပါးဖောင်းလေးတောင် မမြင်ရတော့....လန်ကျန့်က သူသေရင် တကယ်ပဲ လိုက်သေဖို့များစဥ်းစားနေတာလားလေ။ ဝေ့ရင်း တွေးရင်း မျက်ရည်ကျလာသည်။

"ရှောင်းကျန့် မငိုနဲ့လေ.....ကောင်းကောင်းအနားယူလိုက်နော်....အဲ့ဒါမှ အရှင်လဲ ပြန်နိုးလာမှာ"

ဝေ့ရင်းက ခေါင်းငြိမ့်ပြကာ မျက်လုံးမှိတ်ရင်း ပြန်အိပ်နေလိုက်သည်။

"ဝေ့ရင်း......"

"အရှင်နိုးလာပါပြီလား"

ဝမ်ချင်က လန်ကျန့်၏ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။

"အခုလောက်ဆို စိတ်ချရပါပြီ....အရှင် ခုနက ရှောင်းကျန့် သတိရလာတယ်"

"တကယ်လား"

"မှန်ပါတယ် အရှင်....အခုက အားပြန်ပြည့်အောင် အနားယူနေတာပါ"

"ဝေ့ရင်း....ကိုယ့်ဆီပြန်လာပေးလို့  ကျေးဇူးတင်လိုက်တာ ကိုယ့်ဝေ့ရင်းရယ်....ဝမ်ချင် မင်းကိုလဲ ကျေးဇူးတင်တယ် မင်းကြောင့်သာမဟုတ်ရင် ဝေ့ရင်းကို လက်လွှတ်လိုက်ရမှာ"

"အရှင်....ရှောင်းကျန့်ရဲ့ စိတ်အားထက်သန်မှုကြောင့်သာ မဟုတ်ရင် ကျွန်မလဲ ကယ်နိုင်မှာ မဟုတ်ပါဘူး"

လန်ကျန့် ဝေ့ရင်း ပါးပြင်လေးကို ခပ်ဖွဖွလေးထိတွေ့လိုက်သည်။ အိပ်နေရင်းနဲ့​တောင် ငိုထားတာလားမသိ။ မျက်နှာမှာ မျက်ရည်စီးကြောင့်တို့က ကျန်နေဆဲ။

"ကျွန်မကို သွားခွင့်ပြုပါ အရှင်"

လန်ကျန့် ခေါင်းငြိမ့်ပြတော့ ဝမ်ချင်က ထွက်သွားသည်။

Innocent Felon (Completed)Where stories live. Discover now