Part (69)

4.4K 485 31
                                    

Unicode

ဝေ့ရင်း သတိရလာတော့ တဲတစ်ခုထဲရောက်နေသည်ကို သတိထားမိသည်။ ဒါပေမဲ့ ဒီတဲက လန်စစ်တပ်ရဲ့ တဲတော့မဟုတ်။

"သတိရပြီလား ဝေ့ရင်း"

"ဟင်....ချန်ဘုရင်"

ဝေ့ရင်း သူ့အနားရောက်လာသည့် ချန်ဘုရင် ချန်ရီလင်းကို တအံ့တသြကြည့်နေမိသည်။

"ငါဘယ်ရောက်နေတာလဲ ငါ့ကို ခုချက်ချင်းပြန်ပို့ပေး.....လန်ကျန့်.....ခင်ဗျားကို လန်ကျန့်သတ်လိမ့်မယ်"

"ဟားဟား.....ဝေ့ရင်း မင်းဒီကို ဘယ်လိုရောက်လာလဲ သိလား....မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ မင်းရဲ့ အရှင်ကိုယ်တိုင် မင်းကိုဆေးခတ်ပြီးပို့လိုက်တာ"

"မယုံဘူး....အရှင်က ဘယ်​တော့မှ အဲ့လိုလုပ်မှာ မဟုတ်ဘူး"

"မင်းမယုံလဲ မတတ်နိုင်ဘူး...ဒါက အမှန်တရားပဲ....လန်ဝမ့်ကျီးက အခုစစ်ရှုံးတော့မှာလေ....သူက မင်းအတွက်နဲ့ သူ့နိုင်ငံကို ငါ့လက်အောက်အသာတကြည်ပေးမယ်လို့ထင်လား.....မင်းအိပ်မက်မက်နေလိုက်ဝေ့ရင်း...."

ချန်ရီလင်းက ဝေ့ရင်းရဲ့ မေးစေ့ကို ကိုင်ပြီး အတင်းဆွဲမော့ကာ ပြောသည်။

"ငါ့ကို မထိနဲ့ လွှတ်......ချန်ရီလင်း ခင်ဗျားကို မုန်းတယ်"

"ရတယ် မုန်းပါ ကြိုက်သလောက်သာမုန်း မင်းငါ့ကို မုန်းမုန်းချစ်ချစ် ဂရုမစိုက်ဘူး....ငါမင်းကိုချစ်တယ်...."

"ခင်ဗျားရူးနေလား"

"ဟုတ်တယ် မင်းကြောင့်ငါရူးနေပြီ.....လိမ်လိမ်မာမာနေပြီး ငါ့ကို လက်ခံနိုင်အောင် ကြိုးစား မကြာခင် လန်ဝမ့်ကျီး အလောင်းက မင်းရှေ့ရောက်လာလိမ့်မယ်"

"လန်ကျန့်မသေဘူး ခင်ဗျားသာသေမှာ"

"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်း....မဟုတ်ရင် မင်းခန္ဓာကိုယ်ကို ငါ့စိတ်ကြိုက် လုပ်မိလိမ့်မယ်"

ဝေ့ရင်း အရှက်မရှိတဲ့ ဒီလူရဲ့ စကားကြောင့် နှုတ်ခမ်းကို ကိုက်ကာ ငြိမ်နေရသည်။ သူ့ခန္ဓာကိုယ်ကို လန်ကျန့်တစ်ယောက်ပဲ ပိုင်သည်။ အခြားဘယ်သူ့ကိုမှ အထိမခံနိုင်ပါ။
_______________________
"ဟိုလေ ကိုယ်ရံတော်ချုပ်ကြီး"

Innocent Felon (Completed)Where stories live. Discover now