Part (79)

4.4K 517 85
                                    

Unicode

"ဝေ့ရင်း"

လန်ကျန့် သူ့နံဘေးမှာ လှဲနေသည့် ဝေ့ရင်းကို ခပ်တိုးတိုးလေးခေါ်လိုက်သည်။

"ဟင်"

"ကိုယ်လေ.....ဟင်း....ဘာမှမဟုတ်တော့ဘူး အိပ်တော့"

"လန်ကျန့် မင်းမှာ စိတ်ညစ်စရာရှိနေတယ်မလား ငါ့ကိုပြောပြလေ...."

"မရှိပါဘူးကွာ ဒီအတိုင်းပင်ပန်းလို့"

"နှစ်နိုင်ငံတောင် အုပ်ချုပ်နေရတာဆိုတော့ ကျိန်းသေပင်ပန်းမှာပေါ့.....ငါကလဲ မင်းအတွက်အကူအညီမရဘူး....နန်းတော်ထဲမှာ ငါတစ်ယောက်ထဲ လူပိုလိုဖြစ်နေလားလို့"

"မဟုတ်ပါဘူးကွာ အဲ့လိုမတွေးပါနဲ့....."

"ငါမင်းကို ကောင်းကောင်းထောက်ပံ့ပေးချင်တာ"

"ဝေ့ရင်း....မင်းသာကိုယ့်အတွက် ရင်သွေးလေးမွေးပေးနိုင်ရင်သိပ်ကောင်းမှာပဲ"

"ဟင်....ဘာဖြစ်လို့လဲ"

"အာ....မင်းကိုယ့်စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားလား"

"မဖြစ်ပါဘူး....အမတ်တွေက မင်းကို အဲ့ကိစ္စအကြောင်းပြောလို့ စိတ်ညစ်နေတာလား"

"အင်း....."

"စိတ်မညစ်နဲ့နော်....အဆင်ပြေသွားမှာပါ"

"အင်း"

ဝေ့ရင်း လန်ကျန့်ရင်ခွင်ထဲတိုးဝင်လိုက်သည်။ လန်ကျန့်အတွက် နန်းသွေးလေးမွေးပေးနိုင်တာ နောက်မှပြောပြတော့မည်။ လန်ကျန့်သိရင် အံ့သြသွားမှာအသေအချာ။ နောက်နေ့တွေတော့ အားဆေးတွေပြန်သောက်ဦးမှပါ။

ထိုညက အလှတွေပြင်ပြီးစောင့်နေသည့် ကျူးအာခမျာ ပေါ်မလာသည့် လန်ကျန့်ကို ငုတ်တုတ်ထိုင်စောင့်ရင်း မိုးလင်းသွားခဲ့ရသည်။
_______________________
လန်ကျန့် ညီလာခံ လုပ်နေရင်း ဝေ့ရင်းမူးလဲသွားသည်ဆိုတာကြောင့် ချက်ချင်း ဝေ့ရင်းအဆောင်ကိုပြေးသွားလိုက်သည်။

"သမားတော်ကြီး...ဝေ့ရင်း ဘာဖြစ်တာလဲ"

"အားနည်းသွားလို့ပါ အရှင်"

"ဘာကြောင့်အားနည်းရတာလဲ အားဆေးပုံမှန်တိုက်ရက်နဲ့"

"အဲ့....အဲ့တာကအရှင်...."

Innocent Felon (Completed)Where stories live. Discover now