Part (98)

4.5K 445 31
                                    

Unicode

"ပါပါး.......ပါပါး"

"အင်း....အားမင် ဘာဖြစ်လို့လဲ"

"ပါပါး ညီလေး ချော်လဲသွားလို့....ငိုနေတယ် ဟိုနားမှာ"

အသည်းကျော်လေးနှစ်ယောက်က လေးနှစ်ပြည့်သွားပြီမို့ စကားလဲ အရမ်းများကြသလို။ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး အရမ်းဆော့ကြသည်။ အားရှင်းလေးဆို ဒဏ်ရာမရတဲ့နေ့ကို မရှိ။

"လန်ရှောင်းရှင်း ယောကျ်ားဆိုတာ ဒီလောက်ဒဏ်ရာလေးနဲ့ မငိုရဘူးလို့ ခမည်းတော်ပြောထားတယ်မလား"

"ဟင့်.....နာလို့"

"သားခမည်းတော်ကိုပြောတော့ ကြီးလာရင် စစ်သူကြီးလုပ်မှာဆို"

"အွန်း...လုပ်မှာ"

"စစ်သူကြီးလုပ်ရင် ဒဏ်ရာတွေအများကြီးရမှာလေ သားရဲ့....စစ်သူကြီးလုပ်မဲ့သူက မငိုရဘူး...ကြားလား"

"ဟုတ်"

"သေချာဖြေ"

"ဟုတ်ကဲ့ ကြားပါတယ် ခမည်းတော်"

"လိမ္မာလိုက်တာ"

ဝေ့ရင်း အားရှင်းလေးဆီပြေးလာတုန်း လန်ကျန့်က ဒူးထောက်ကာ သားကို ဘာတွေပြောနေသည်မသိ။ သားက ချက်ချင်းအငိုတိတ်သွားပြီး ခေါင်းလေးတငြိမ့်ငြိမ့်နှင့်။

"အားရှင်း.....သားချော်လဲ သွားတယ်ဆို ပါပါးကို ဒဏ်ရာပြ"

"ဒီမှာ"

သားက ပွန်းသွားသည့် သူ့ဒူးခေါင်းလေးကို လှန်ပြလာသည်။

"နာသွားမှာပေါ့....သားက အရမ်းပြေးတာကို...."

"နာတော့ဝူး.....သားက စစ်သူကြီးလုပ်မှာ စစ်သူကြီးလုပ်ရင် နာရဘူး"

"သားက စစ်သူကြီးလုပ်မှာလား....သားရဲ့ ခမည်းတော်လို ဘုရင်မလုပ်ဘူးလား"

"ဟင့်အင်း သားက ကာကွယ်ပေးမှာ"

"ဘယ်သူ့ကို ကာကွယ်ပေးမှာလဲ"

"ပါပါးနဲ့ ကိုကို့ကို"

"လိမ္မာလိုက်တာကွာ....ပါပါးရဲ့ ကလေးလေးက"

"ညီလေး နာသွားလား"

"နာတော့ဝူး ကိုကို"

"သားကြီး ညီလေးကို ဆေးလိမ်းဖို့ ခေါ်သွားလိုက်နော်"

Innocent Felon (Completed)Tahanan ng mga kuwento. Tumuklas ngayon