Part (72)

4.9K 557 58
                                    

Unicode

"ရှောင်းကျန့်"

ရှောင်းကျန့် ဝမ်ချင်နှင့်အတူ ဆေးဆိုင်မှာထိုင်နေတုန်း ဝင်လာသည့် လူတစ်ယောက်ကြောင့် မျက်လုံးအပြူးသားနှင့် အံ့သြသွားရသည်။

"ကျန်းချန်.....ကျန်းချန် မင်းမသေသေးဘူး"

ရှောင်းကျန့်က ကျန်းချန်ကို ပြေးဖက်ရင်း မျက်ရည်တွေကျလာသည်။

"မင်း ဘယ်တွေရောက်နေတာလဲဟင် ရန်လီကော....မမရန်လီကော"

"ရှောင်းကျန့် ငါမင်းကို အစအဆုံးပြောပြပါမယ်.....ဟို.....ဝမ်ချင် နေကောင်းတယ်မလား"

"ကောင်းပါတယ်"

"ကျန်းချန်ပြောပြလေ"

"အေး.....ငါထွက်ပြေးနေရတုန်း ဇာမဏီဂိုဏ်းကို ရောက်သွားတယ်။ အဲ့ဒီအချိန် ရိပေါ်က ဒဏ်ရာကြီးနဲ့ သတိမရသေးဘူး။ သူတို့က ငါ့ကို ချန်နိုင်ငံမှာ သွားနေဖို့ အကြံပေးလို့ ငါချန်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တယ်။ ချန်ရီလင်းက ငါ့ကိုမှတ်မိ​တော့ သူ့အနားမှာခေါ်ထားခဲ့တယ်။ နောက်တော့သူ့လုပ်ရပ်တွေက လန်နိုင်ငံအပေါ်အရမ်းနိုင်ထက်စီးနင်းဆန်လာတော့ ငါဒီတိုင်းကြည့်မနေနိုင်​တော့ဘူး။ တစ်ရက်မှာ ငါချန်နိုင်ငံကနေ ခဏထွက်လာတုန်းရိပေါ်နဲ့တွေ့တယ်....သူက လန်ဘုရင်ဖြစ်နေပြီ။ သူကမင်းကို နန်းတော်မှာ ကြင်ယာတော်​မြှောက်ပြီး စောင့်ရှောက်ထားတယ်တဲ့ အဲ့တာကြောင့် ငါ့ကို စိတ်မပူဖို့ပြောပြီး ချန်နိုင်ငံရဲ့ သူလျှိုလုပ်ခိုင်းတယ်။ ငါအဲ့နေ့ကစပြီး တိုက်ပွဲဖြစ်တဲ့ အချိန်ထိ ချန်နိုင်ငံထဲမှာနေပြီး သူလျှိုလုပ်ပေးနေတာ။"

"မင်းကို ချန်ရီလင်းက မရိပ်မိဘူးလား"

"ချန်ရီလင်းက သံသယများတဲ့သူပါ ဒါပေမဲ့ သူကမင်းနဲ့ ပတ်သတ်လာရင် စုံလုံးကန်းတယ်....။ ငါကမင်းနဲ့ဝေ့မင်းကြီးအတွက် လန်ဝမ့်ကျိီးကို လက်စားချေချင်တယ်လို့ပြောတာ သူယုံတယ်လေ။ အဲ့တာကြောင့် သူ့အနားမှာ နေခွင့်ရခဲ့တာ။ တစ်နေ့တစ်နေ့ မင်းအကြောင်းတွေ မင်းအကြိုက်တွေမေးလွန်းလို့ အာပေါက်မတတ်ဖြေရတယ်"

"အွန်း.....ဒါနဲ့ မမရန်လီရော"

"မမက ငါချန်နိုင်ငံကို မသွားခင် ကျင်းဇီရွှမ်းနဲ့တွေ့လို့ သူတို့ကျင်းဂိုဏ်းမှာထားခဲ့တယ်။ မမကို သူတို့က သေချာစောင့်ရှောက်ပေးပါတယ်"

Innocent Felon (Completed)Where stories live. Discover now