Part (57)

4.7K 559 21
                                    

Unicode

ကြင်ယာတော် အဆောင်မှ ပြန်လာကတည်းက သေရည်တွေလှိမ့်သောက်နေသည့် ရိပေါ်ကို အနားမှာထိုင်နေသည့် ယွီပင်းကစုတ်တသတ်သတ်နှင့်။ မျက်လုံးတွေနီရဲနေပြီး ဖရိုဖရုဲဖြစ်နေသည့် ရိပေါ်ပုံစံက ရှောင်းကျန့် အဆောင်ထဲမှာ ဘာတွေဖြစ်ခဲ့မှန်းမေးကြည့်စရာတောင်မလို။

"တော်ပါတော့ကွာ မင်းသောက်တာများနေပြီ"

နှစ်ယောက်တည်းရှိချိန်ဆို သူငယ်ချင်းလိုပဲ ဆက်ဆံတာကြောင့် ယွီပင်း ရိပေါ်လက်ထဲက သေရည်ခွက်ကို ဆွဲယူလိုက်သည်။

"ကျစ်....ငါ့ကိုလာမရှုပ်စမ်းနဲ့ ယွီပင်း"

"ရိပေါ်....မင်းဘာလို့ဒီပုံစံဖြစ်နေရတာလဲ....အခုမင်းပိုင်တဲ့ အရာတွေအကုန်မင်းလက်ထဲရောက်နေပြီပဲ....လန်တိုင်းပြည်ရော ရှောင်းကျန့်ရော....."

"သူ့အကြောင်းမပြောနဲ့"

"ဘာလဲ မင်းပဲ သူ့ကို ကြင်ယာတော်မြှောက်ထားပြီးတော့"

"ငါ ကြင်ယာတော်မြှောက်တာက သူ့ကို အနားမှာခေါ်ထားပြီး နှိပ်စက်ချင်လို့"

"နှိပ်စက်ချင်လို့ ကြင်ယာတော်မြှောက်တာပေါ့လေ။ တခြားနည်းနဲ့ နှိပ်စက်လို့မရတော့ဘူးလား။ မင်းအကြောင်းငါမသိရင် ခက်မယ် ရိပေါ်....မင်းရှောင်းကျန့်ကို ကြင်ယာတော် မြှောက်တာ ချန်နိုင်ငံကြောင့်မဟုတ်လား။ ချန်ရီလင်းက ရှောင်းကျန့်ကို လိုချင်နေမှန်းမင်းသိတယ်....မင်းသူ့ဆီရှောင်းကျန့်ကို မပေးနိုင်လို့၊ မင်းချစ်တဲ့သူ သူများလက်ထဲရောက်သွားမှာစိုးလို့ ဒီလိုလုပ်ရတာမလား....."

"မဟုတ်ဘူး!!"

"မင်းကိုယ့်ကိုကိုယ်ညာနေတာပဲ ရိပေါ်....မင်းသူ့ကို ချစ်ရဲ့သားနဲ့ နှိပ်စက်ရင် သူပဲမဟုတ်ဘူး မင်းလဲ နာကျင် ရမှာပဲ။ မင်းဘယ်တုန်းက သူ့ကို မုန်းနိုင်ခဲ့လို့လဲ"

"ယွီပင်း.......ငါတစ်ယောက်ထဲနေချင်တယ် မင်းသွားတော့"

ယွီပင်း ခေါင်းမာလွန်းတဲ့ ရိပေါ်ကြောင့် စကားဆက်မပြောတော့ဘဲ ပြန်ထွက်လာလိုက်သည်။ သူတို့ရဲ့ အချစ်ဆိုတာကြီးက ရှုပ်ထွေးလိုက်လေချင်း။
_____________________
မနက်စောစောစီးစီး ဝေ့ရင်း တစ်ယောက် အဆောင်ဝင်းထဲက ကြာကန်ဘေးမှာ စည်ပိုင်းကြီးချပြီး အိပ်ရာခင်းတွေခြေထောက်နှင့်နင်းလျှော်နေရသည်။ လန်ကျန့်က အစေခံတွေလွှတ်ပေးထားပေမဲ့ မနေ့တစ်ရက်ပဲလာပြီး နောက်နေ့ကျ အရိပ်ပင် မမြင်ရတော့။ အခုလဲ မနေ့က လန်ကျန့်ကြောင့် ပေသွားသည့် အိပ်ရာခင်းတွေစောင်တွေကို လျှော်နေခြင်းပင်။

Innocent Felon (Completed)Where stories live. Discover now