Part (80)

4.7K 479 40
                                    

Unicode

နှစ်သစ်ကူး ဘိုးဘွားကန်တော့သည့် အချိန်အခါဖြစ်သည်။လန်မင်းဆက်ဘိုးဘေးများကို ကန်တော့ရန် ဘုရင်နှင့် မိဖုရားမှာ လန်မင်းဆက်၏ ကဗ္ဗည်းကျောက်တိုင်များထားရှိရာ ကျင်းလန်တောင်ပေါ်ရှိနတ်ကွန်းသို့ အစောင့်အရှောက်များခြံရံလျက်တက်လာခဲ့ကြသည်။ ကြင်ယာတော်ဝေ့ရင်းကတော့ မလှမ်းမကမ်းကနေ ဖြည်းဖြည်းချင်းသာ လိုက်ပါလာသည်။

ရှေ့ကသွားနေသည့် လန်ဘုရင်မှာ နံဘေးက မိဖုရားကို သတိမထားမိဘဲ ကြင်ယာတော်ရှိရာကိုသာ လှည့်လှည့်ကြည့်နေသည်။ ခြေလျင်နှင်ရသည့် ခရီးဖြစ်တာကြောင့် ကြင်ယာတော်၏ နဖူးမှာ ချွေးစလေးများစိုနေသည်။ ထိုချွေးစလေးများကို အနားသွားပြီး သုတ်ပေးချင်စိတ်က တဖွားဖွား။ မောပန်းမှုကြောင့် ပါးစပ်လေးဟကာ အသက်ရှူနေရတာကြောင့် ယုန်သွားလေးနှစ်ချောင်းမှာလဲ အထင်းသား။ မောနေတာတောင် လှရက်သည့် ဝေ့ရင်းပါလေ။

"အား.......အရှင်"

"မိဖုရား"

အနားမှာ ရှိနေသည့် သူမကို ဂရုမစိုက်ဘဲ အခြားသူကို လှမ်းကြည့်နေတာကြောင့် ကျူးအာတမင်ပဲ ချော်လဲချင်ယောင်ဆောင်ကာ အရှင့်ရင်ခွင်ထဲလှဲချလိုက်သည်။

"ရရဲ့လား"

"ကျူးအာ​တောင်းပန်ပါတယ်အရှင်....တကယ်တော့ ကျူးအာ အိပ်ရေးပျက်လို့ ခေါင်းနဲနဲမူးနေတာ"

"ဟုတ်လား...အားလုံးရပ်ကြခဏနားပြီးမှ ဆက်သွားကြမယ်"

လန်ကျန့် ကျူးအာခဏထိုင်နားဖို့ အထိန်းတော်တွေကို ပြင်ခိုင်းလိုက်ပြီး

"နောက်ဆို အိပ်ရေးပျက်မခံပါနဲ့ မိဖုရား"

"ဟုတ်ကဲ့...ဒါပေမဲ့ ကျူးအာက အရှင်လာမယ်ထင်ပြီး နေ့တိုင်းနေ့တိုင်း မအိပ်ဘဲ ထိုင်စောင့်နေမိတာ....ကျူးအာအမှားပါအရှင်....ဒီနန်းတွင်းထဲမှာ ကျူးအာရင်းနှီးတာဆိုလို့ အရှင်တစ်ယောက်ထဲရှိတာပါ...ကျန်တဲ့သူတွေက တော်ဝင်မျိုးနွယ်တွေဆိုတော့ ကျူးအာကို မခေါ်ချင်မပြောချင်ကြမှာ စိုးရိမ်မိတယ်။ အရှင်က ခုတလော ကျူးအာဆီ ခဏတစ်ဖြုတ်အလည်တောင်မလာအားတော့ ကျူးအာမှာ စကားပြောဖော်တောင်မရှိဘဲ တစ်ယောက်ထဲ အထီးကျန်နေသလို ခံစားရတယ်အရှင်"

Innocent Felon (Completed)Where stories live. Discover now