Part (92)

5.2K 463 47
                                    

Unicode

ဝေ့ရင်းနိုးလာတာနှင့် လန်ကျန့်က အလိုလို အောက်ဆင်းကာ ဒူးထောက်လျက်သား။ ကုတင်ပေါ်ကနေ သူ့ကို မျက်စောင်းကြီးတစ်ခဲခဲနှင့် ကြည့်နေပုံက ဝေ့ရင်းသာ နဂါးဆိုရင် လန်ကျန့်ပြာပုံဘဝရောက်တာကြာပြီ။

"ဝေ့ရင်း ကိုယ်စိတ်မထိန်းနိုင်ဖြစ်သွားတယ်...ကိုယ့်အမှားပါ...အရမ်းနာနေလားဟင်"

"မင်းကြောင့် ငါအောက်ပိုင်းသေသွားပြီထင်တယ်...."

"ကိုယ်ဆေးလိမ်းပေးထားတယ် ဝေ့ရင်း ခဏနေ ပျောက်သွားလိမ့်မယ်နော်"

"ဪ မင်းက မခံစားဘူးလို့ ဘယ်သိမလဲ လန်ဝမ့်ကျီးရဲ့ နောက်တစ်ခါဆို မင်းခံစားကြည့်"

"ဝေ့ရင်းကလဲ"

"လန်ဝမ့်ကျီး မင်းလူရောဟုတ်ရဲ့လား...."

"ကိုယ်ဝေ့ရင်း ကျေနပ်တဲ့အထိတောင်းပန်ပါမယ်"

"တောင်းပန်မနေနဲ့ သွား.....လုပ်စရာရှိတာလုပ်တော့"

"ဝေ့ရင်း"

"ငါအတည်ပြောနေတာ...အလုပ်တွေဒီလောက်များတာ ပစ်ထားပြီး ငါ့နားကပ်မနေနဲ့...လုပ်စရာရှိတာသွားလုပ်"

"ကိုယ့်မှာ အလုပ်မရှိပါဘူး ဇယ်ဝူကျွင်းနဲ့ လျန်ဖုန်းကို လွှဲထားတယ်"

"သွားပါကွာ တော်ကြာ မုန့်ယောင်ငါ့ကို ရန်လာတွေ့နေလိမ့်မယ်"

"ဝေ့ရင်းကိုယ့်ကို နှင်ထုတ်နေမှတော့ ကိုယ်သွားရတော့မှာပေါ့....ဒါပေမဲ့ ဝေ့ရင်းသိထားပေးပါ ကိုယ်မင်းအဆင်သင့်ဖြစ်တဲ့အခါ အမြန်ဆုံးပြန်လာခဲ့ပါမယ် ကိုယ့်မှာမင်းပဲရှိတာပါ....မင်းကိုယ့်ကိုမလိုတော့ဘူးဆိုရင်တောင် ကိုယ်မင်းအနားမှာရှိနေမှာပါ...။တကယ်လို့ကံတရားက ကိုယ်တို့ကိုဝေးစေ..."

"လန်ဝမ့်ကျီး....😒"

"အဟဲ....သွားမယ်နော်ဝေ့ရင်း"

အခုမှ သူမသွားရင် ဝေ့ရင်းက သူ့ကို ဂုတ်ကနေဆွဲသွားတော့မည့်ပုံ။ ချစ်လွန်းတော့လဲ မျက်နှာအရိပ်အကဲကြည့်တတ်ရတာပေါ့။
_______________________
ဒီလိုနဲ့.........

"ဝေ့ရင်း ကိုယ့်အနားမှာမရှိတာအချိန်တွေတောင် အတော်ကြာသွားပြီပဲ....အရာအားလုံးကိုယ့်အမှားတွေပါပဲဝေ့ရင်းရယ်။ အနားမှာရှိနေတုန်းက ကိုယ်မင်းအပေါ် အရင်ကထက်ပို ဂရုစိုက်ခဲ့ရမှာ....အခုတော့အချိန်လွန်နောင်တတွေနဲ့ ကိုယ်က မင်းရဲ့အငွေ့အသက်ကို အရူးလိုတမ်းတနေဆဲပါပဲ....ကိုယ်မင်းကိုလွမ်းလိုက်တာဝေ့ရင်းရယ်"

Innocent Felon (Completed)Where stories live. Discover now